ဇာတ်လမ်းလေးဟာ မိုးယံကိုသူ့ရဲ့ကောင်လေးဖြစ်သူရဲ့ကားနဲ့တိုက်တာခံလိုက်ရတယ်ဆိုပြီးစတင်ထားတယ်။
မိုးယံဆိုတာ သာမန်ကျောင်းသားလေးတစ်ယောက်
မူလတန်းတုန်းက ကားတိုက်ခါလုနီးဆဲဆဲအခြေနေကနေ သူ့ကိုကယ်တင်ပေးခဲ့တဲ့
ကောင်းသုတဆိုတဲ့ကောင်လေးနဲ့စတွေ့ကာအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။တစ်ဖက်မှာလဲ နိုင်ငံကျော် ကလေးသရုပ်ဆောင် မော်ဒယ်တစ်ဖြစ်လဲ အသက်လေးရလာပြန်တော့ လုပ်ငန်းရှင်တစ်ဖြစ်လဲ အောင်မြင်ကျော်ကြားတဲ့ကောင်လေး ရှိုင်းမဟူရာ။
သူတို့သုံးယောက်လုံးဟာ မူလတန်းအရွယ်တုန်းက အတန်းဖော်တွေတဲ့ ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက်မခင်မင်ခဲ့ကြပြန်ဘူး။
သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုဆက်စပ်နေကြတာလဲ?
အတိတ်ဘ၀ကြောင့်လား?
ရှေးဘ၀တွေကြောင့်လား?ကောင်းသုတရဲ့လိုတာထက်ကိုပိုတဲ့ဂရုစိုက်မှုတွေ။
မိုးယံမိခင်ကြီးကင်ဆာရောဂါဖြစ်တော့ ကောင်းသုတရဲ့ထူးဆန်းတဲ့စကားတစ်ခွန်းကြောင့်ခေါင်းခဲသွားတဲ့ မိုးယံ။သူတို့သုံးယောက်ကကောတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပြန်ဆုံကြဦးမှာလဲ?
ထူးဆန်းတဲ့သံယောဇဉ်ကြိုးတွေက ရေစက်တွေကိုဖန်တီးပေးပြီး တစ်ယောက်နဲ့တစ်ယောက်ကိုတွေ့ဆုံစေတယ်။မုန်တိုင်းမလာခင်လေညင်းလေးကညင်သာစွာတိုက်ခိုက်နေခဲ့တယ် မိုးယံတစ်ယောက်
ရှိုင်းမဟူရာရဲ့ကုမ္ပဏီမှာအလုပ်လျှောက်ဖို့မကြိုးစားခင်အချိန်ထိပေါ့ ။
YOU ARE READING
မပြောင်းလဲနိုင်သောကံတရားရဲ့စွဲလမ်းမှု(INEVITABLE FATE Of OBSESSION)
RomanceWarning ⚠️: The characters in this fic are just the author's imagination and will neither concern nor disturb people in real life . "ကမ္ဘာတွေသာအဆက်ဆက်ပြောင်းနေပါစေ ဘ၀တွေသာအမျိုးမျိုးခြားနေပါစေ လောကြီးသာမှောက်ခုံလန်နေပါစေ ဘယ်အရာတွေဘယ်လိုပဲခြားနေပါစေ ...