ယနေ့တက္ကသိုလ်ပိတ်ရက်မို့ မိုးယံတစ်ယောက်၀ရန်တာရှေ့တွင် ခုံတစ်လုံးချကာ ကောင်းသုတပြောခဲ့သည်စကားကိုပြန်စဉ်းစားနေသည်။
"ဟုတ်တယ် ငါမင်းနဲ့စတွေ့တဲ့နေ့ကထဲကနေခုထိ မုန့်ဖိုးတွေအကုန်ဘာမှမစား မသောက်ပဲစုလာတာ"
*ဘယ်လိုဖြစ်နိုင်မှာလဲ*
"အနည်းဆုံးသူငါ့ကိုအရမ်းခင်ရင်တောင် ငါ့ကိုစစတွေ့ထဲကသူစုတာမဖြစ်နိုင်ဘူး"
"ဒါမှမဟုတ်စစတွေ့ထဲကငါ့ပုံက အရမ်းသနားစရာကောင်းပြီးကူညီချင်စရာရုပ်များပေါက်နေလို့လား"
"အဲ့လိုဆိုရင်တောင်ကလေးတစ်ယောက်ဖို့ဘာမှမစားပဲစုထားဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲဟာကို"
မိုးယံပါးစပ်ကတတွတ်တွတ်နှင့်ကိုယ့်ဘာသာမေးခွန်းများပြန်ထုတ်နေသည်။
"ဘာပဲဖြစ်ဖြစ် ငါ့မှာအရမ်းကောင်းတဲ့သူငယ်ချင်းတစ်ယောက်ရထားတာပဲ ငါနေ့တိုင်းသူ့ကိုဒီထက်ပိုဂရုစိုက်ပြီးအချိန်ပေးသင့်တာပေါ့"*အမေ့ဆီမသွားခင် ကွန်ပျူတာဆိုင်အရင်သွားပြီး ဟိုကောင်ကြီးကိုစာပို့ထားဦးမှပဲ တော်ကြာအဆက်သွယ်မလုပ်ဘူးထင်နေဦးမယ် သူကိုမက်ဆေ့ခ်ျမပို့တာတောင် ဒီကြားထဲအမေ့ရောဂါကိစ္စနဲ့အလုပ်ရှုပ်နေတာ တစ်လတောင်ကြာသွားပြီ *
ကွန်ပျူတာဆိုင်တွင်
"ဦးလေး ကွန်ပျူတာလေးသုံးချင်လို့ နာရီ၀က်ကိုဘယ်လောက်ပေးရ...ရ?"
"တစ်ထောင်!"
"အယ်...များလိုက်တာလျော့....ေလျာ့ပါဦး "
"မရဘူး အစထဲကအချိန်ကဈေးနဲ့သတ်မှတ်ထားပြီးသား မပေးနိုင်ရင်မသုံးနဲ့ ဒီနားမှာလဲဘာဆိုင်မှမရှိဘူး!"
*အားပါးပါး တော်တော်အပေါက်ဆိုးပြီး အရင်းရှင်ဆန်လိုက်တာ ကောင်းသုတမျက်နှာတစ်ကမ္ဘာမတွေ့ရတာကြာလို့ သည်းခံပြီးသုံးရမှာပဲ*
"ဟုတ်ဦးလေး နာရီ၀က်ဖိုးပေးပါ"
"အေး နံပါတ် ၁၃လူအားတယ် အဲ့မှာသွားထိုင်!"
"ဟုတ်...ဟုတ်""လော့ဂ်အင်၀င်တာကိုလိုင်းကနှေးလိုက်တာ အာ.... ရပြီ"
"အံမယ်ဟိုကောင်က သူ့ nickname ကိုတောင်ပြောင်းထားသေးတယ် လုံလီးကောင်းကောင်း ဆိုလားဘဲ ဟားဟား"
YOU ARE READING
မပြောင်းလဲနိုင်သောကံတရားရဲ့စွဲလမ်းမှု(INEVITABLE FATE Of OBSESSION)
RomanceWarning ⚠️: The characters in this fic are just the author's imagination and will neither concern nor disturb people in real life . "ကမ္ဘာတွေသာအဆက်ဆက်ပြောင်းနေပါစေ ဘ၀တွေသာအမျိုးမျိုးခြားနေပါစေ လောကြီးသာမှောက်ခုံလန်နေပါစေ ဘယ်အရာတွေဘယ်လိုပဲခြားနေပါစေ ...