Thank You My Brother

168 18 4
                                    

"Boss Kang y/n မှာ Boss ပြောသလိုတကယ်အန္တရာယ်ရှိနေပါပြီ"

"Bossပြောသလို ကျွန်တော်လူတွေလွှတ်ပြီး
Kang y/nရဲ့မိဘတွေကိုရော Lee Junghoonကိုပါစောင့်ကြည့်ခဲ့ပါတယ်
ပြီးတော့ လိုရမယ်ရ Lee Junghoonရဲ့ရုံးခန်းထဲမှာပါ လျှို့ဝှက်cameraတပ်ထားခဲ့တာပါ အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့ video fileတစ်ခုရခဲ့ပါတယ် Ceo Lee Junghoonနဲ့Kang y/nရဲ့အမေဖြစ်သူ Yoo Jihanတို့စကားပြောနေတဲ့ video fileပါ Boss"

Jakeကပြောလည်းပြောရင်း namjoonကို
USBတစ်ခု တရိုတသေ လှမ်းပေးလာတယ်။

___________In video file____________

Ceo Lee Junghoon ဆိုသူက ရုံးခန်းထဲက
သူ့အလုပ်စားပွဲမှာ အလုပ်လုပ်နေရင်းက Laptopကိုပိတ်လိုက်ပြီး ထိုနေရာမှထကာ
အလုပ်စားပွဲရှေ့က ဧည့်သည်တွေ့ဖို့လုပ်ထားတဲ့ sofa‌ပေါ်မှာ ထိုင်လိုက်တယ်..။
ကြည့်ရတာ တစ်ယောက်ယောက်လာဖို့ရှိတယ်ထင်ရဲ့..။

လူပုံကအသက်30လောက်ရှိပြီး ခန္တာကိုယ်ကအချိုးအစားကျကာ ရုပ်ဖြောင့်သူတစ်ယောက်ပင်။သို့‌သော်လည်း ရုပ်ကလေးနဲ့မှ
မလိုက်အောင် မိန်းမအရမ်းရှုပ်တဲ့ တဏှာရူးကောင်လို့ပြောရင် မသိတဲ့သူ ဘယ်ယုံပါ့မလဲ။

ခနနေတော့ Kang y/nရဲ့အမေဖြစ်ပုံရတဲ့ မိန်းမတစ်ယောက်ဝင်လာတယ်။

Lee Junghoonက အဲ့ဒီမှာထိုင်ဆိုတဲ့သဘောနဲ့ သူနဲ့မျက်နှာချင်းဆိုင်ကsofaကိုလက်ပြလိုက်တော့ ထိုမိန်းမလည်း Lee Junghoonနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။

"ခင်ဗျား ကျွန်တော်နဲ့တွေ့ချင်ရတဲ့ အကြောင်းရင်းက..?"

"ကျွန်မ Boss နဲ့အပေးအယူ လုပ်ချင်လို့ပါ"

ထိုမိန်းမက ထိုသို့ပြောလိုက်တော့ Lee Junghoonက လှောင်သလို မျက်နှာပေးနဲ့ ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး

"အပေးအယူ ခင်ဗျားလို သန့်ရှင်းရေး အလုပ်သမားက ကျွန်တော်နဲ့ အပေးအယူလုပ်ချင်တယ် ဟက်
စိတ်ဝင်စားစရာပဲ ပြောကြည့်ပါဦး"

Junghoonကထိုသို့ပြောလိုက်တော့ ထိုမိန်းမက ဓာတ်ပုံတစ်ပုံကို သူတို့နှစ်ယောက်ရဲ့အလယ်က စားပွဲပေါ်တင်လိုက်ပြီး Junghoonဘက်ကို တိုးပေးလေတယ်။

I Can't ChooseWhere stories live. Discover now