"yoongi...နင် အဆင်ပြေရဲ့လား..?"
youမရဲတရဲမေးလိုက်မိတော့
"အင်း..ပြေပါတယ်.."
youအမေးကို အေးစက်စက်ပဲပြန်ဖြေလာတဲ့
yoongi..။"ဪ..အေးပါ နင်အဆင်ပြေတယ်ဆိုလည်း
ပြီးတာပါပဲ..""ပျော်တယ်မလား..?"
"ဟမ်..ဘာကိုလဲ.. seokjin oppa ရဲ့အသင်းနိုင်သွားတာကိုလား..?"
"အင်း.."
youဘယ်လိုပြန်ဖြေရမှန်းမသိတော့...မပျော်ပါဘူး ပြောရင် လိမ်ရာကျတာမှန်ပေမယ့်..
yoongiရဲ့အသင်းရှုံးသွားတာကြောင့်လည်း
ထိုပျော်ရွှင်မှုက..ပြီးပြည့်စုံတဲ့..ပျော်ရွှင်မှုတစ်ခုတော့ မဟုတ်ပါ..။အခုအခြေအနေက
youအတွက် crushနိုင်လို့ပဲပျော်ရမလား
သူငယ်ချင်းကရှုံးသွားလို့ပဲ စိတ်မကောင်းဖြစ်ရမလား တော်တော်ကို ကသိကအောက်
ဖြစ်နိုင်လှတဲ့ အခြေအနေတစ်ခုလို့ပြောရင်
မမှား..။ပိုဆိုးတာက.. yoongi..။သူဘာဖြစ်နေတာလဲ..အရင်တုန်းက.. yoongi basketballပြိုင်ပွဲတွေအများကြီး ပြိုင်ခဲ့ဖူးတယ်..။နိုင်တာလဲရှိသလို ရှုံးတာလဲရှိတာပါပဲ..။ဒါပေမယ့် နိုင်လို့လဲ ထူးထူးခြားခြားပျော်မနေတတ်သလို ရှုံးလို့လဲ မျက်နှာတစ်ချက်မပျက်ခဲ့တဲ့သူပါ..။အခုseokjin oppaရဲ့အသင်းကိုရှုံးသွားခါမှ သူကဘာလို့ စိတ်ညစ်နေတဲ့ပုံစံဖြစ်နေရတာလဲ..တကယ်
နားမလည်ပါ..။"အင်း ငါပျော်တယ် ဒါပေမယ့် နင်ရဲ့အသင်းအတွက်လဲ ငါစိတ်မကောင်းပါဘူး
တကယ်ပါ ဒါပေမယ့် yoongiရယ် နင်လည်းပြောဖူးတာပဲ..အနိုင်အရှုံးဆိုတာက..အရေးမှမကြီးတာ အခုမနိုင်လဲ နောက်တစ်ခါနိုင်မှာပေါ့ ဟုတ်တယ်မလား.."youလည်း yoongiစိတ်ပြေလိုပြေငြား
နှစ်သိမ့်သလိုသဘောနဲ့အတတ်နိုင်ဆံုးပြုံးပြီး
ပြောလိုက်ပေမယ့် yoongiက youကိုအေးစက်စက်နဲ့ပြန်ကြည့်ပြီး"အင်း.. ဖြစ်နိုင်ပါတယ်..ငါသွားတော့မယ်..
အတန်းတက်စရာရှိသေးတယ်.."ပြောပြီးတာနဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ youကိုတောင်မစောင့်ဘဲ ထွက်သွားတဲ့
yoongiကြောင့် youလည်း yoongiနောက်ကိုပြေးလိုက်ရတော့တယ်..။
YOU ARE READING
I Can't Choose
Fanfictionကျွန်မမရွေးချယ်နိုင်ဘူး အတ္တကြီးသလိုဖြစ်သွားရင်လည်း ကျွန်မနှလုံးသားထဲမှာ သူတို့ခုနစ်ယောက်လုံးကနေရာယူထားပြီးပြီမို့ သူတို့ထဲကတစ်ယောက်ကိုရွေးပါဆိုရင် ကျွန်မလုပ်နိုင်မှာမဟုတ်ဘူး...