"ဆေးလိပ်က အသည်း ကိုထိတယ်ပြောလို့
ဆေးလိပ်နဲ့တောင် ဘိုင်ဝမ်းဆွဲခဲ့သေးတယ်
ရာရာစစ ကင်ဆောနူ ကိုသွားထိရလား?ဆိုပြီး"-နီရှီမူရာ-
.... ....
အခုရက်ပိုင်းနီခီအစားအသောက်ပျက်နေသည်။ရေတောင်မသောက်နိုင်ဖြစ်နေသည်မို့ ရောဂါရမည်ဆိုး၍ဂျောင်ဝန်းကတော့ဆေးစစ်ခိုင်းပါသော်လည်း သူ့ရောဂါကိုဆရာဝန်လည်းမကုတတ်။
သူ့ရောဂါက သူ့မက်မွန်းသီးလေးမလက်မဆက်ဖြစ်နေလို့ သူပါဗိုက်မကောင်းတာမျိုးပင်။
ကင်ဆောနူကျောင်းမလာတာဒီနေ့နဲ့ဆိုသုံးရက်!
အရင်နေ့တွေတုန်းကလည်း ကျောင်းရောက်တာနဲ့မှောက်အိပ်နေတတ်သည် မျက်နှာလည်းတစ်စက်မှမကောင်း။ဒါကအရင်ကင်ဆောနူပုံစံ
(လုံးဝ)မဟုတ်ပါ။ဖောလင်းအင်လက်သွားတဲ့နေ့ ရှင်းရှင်းပြောရရင်
နှာခေါင်းသွေးလျှံတဲ့နေ့ပြီးကတည်းကအရိပ်တစ်ကြည့်ကြည့်နဲ့ကြည့်နေတက်ပြီး အရင်ကကောင်းမလေးတွေလိုမျိုး ပိုးပန်းဖို့ကြိုးစားနေသည်။သို့သော်စဖို့အချိန်တောင်မရှိ!!"ဆူဟန်ဆိုတာဘယ်လိုမျိုးလဲ"
"အရပ်ပုပု အသံပြဲပြဲနဲ့လေဗျာ.. ဟျောင်းကလဲကိုယ့်အခန်းထဲက အတန်းခေါင်းဆောင်ကိုတောင်
မသိဘူးလား?""ငါကအတန်းခေါင်းဆောင်မပြောနဲ့ အတန်းပိုင်တောင် အထီးလားအမလားအခုထိမသိသေးဘူး"
"အမ!"
"အိုကေ"
ထမင်းစားဆောင်ရဲ့ထောင့်တစ်ထောင့်မှာကပ်ရင်း ဂျောင်ဝန်းနဲ့နီခီဟာအလုပ်များနေသည်။
ယူနီဖောင်းဆင်တူ ထမင်းဗန်းဆင်တူတွေကိုင်ရင်း ထလိုက်!ထလိုက် လုပ်နေသည့်လူကြားထဲ လူရှာရခြင်းသည် အရပ်ရှည်သည့် နီခီအတွက်တော့လွယ်ကူသည်ဆိုပါသော်လည်း
ယန်ဂျောင်ဝန်းအတွက်တော့ကြောင်ဘဝက
နေ ယုန်ဘဝကူးနေရသလိုပဲ တစ်ခုန်ခုန်နဲ့!!
YOU ARE READING
HELLO MY BROTHER || sunki
Fanfictionအမေကသာ ကလေး ကလေး!! အဲ့ကလေးက အမေ့သားကို ခိုးပြေးတော့မှာ အမေသိလား!!