HELLO MY BROTHER (1)

544 84 10
                                    

ချစ်ဖို့ကောင်းလို့ ချစ်ပါတယ်ဆိုကာမှ
ချစ်ရင်းနဲ့ကို ပိုချစ်ဖို့ကောင်းလာတော့
ကျနော်ကဘယ်လို‌နေရတော့မလဲ
ပူတူးရယ်။
_နီရှီမှုရာ_

•••••••••••••

"ရော့!မစ်ချိုကိုလေးစားပြီး ဒေါသလေးဘာလေးလျှော့!ဟုတ်ပြီလား ပြီးရင်အဲ့ချိန်းပွဲကိုလည်းဖျတ်လိုက်တော့ တစ်သက်နဲ့တစ်ခါရန်ဖြစ်ဘူးတာလဲမဟုတ်ပဲ"

လက်ထဲရောက်လာသည့် အဖြူရောင်
မစ်ချိုကိုဘူးလေးကိုကိုင်ကာ ကင်ဆောနူအသက်ပြင်းပြင်းရူလိုက်သည်။

"ငါလုံးဝသည်းမခံနိုင်ဘူး ဆူဟန်!အဲ့ကိစ္စကို
နင်တို့ဒီတိုင်းပဲထားကြမလို့လား?"

"ဒီတိုင်းမထားလို့ဘာလုပ်ရမှာလဲ ပြန်ချမို့လား?"

"ချသင့်ရင်တော့ချမှာပဲ နင်မမြင်ဘူးလို့ဂျီဟွန်းရဲ့မျက်နှာကို သနားပါတယ်"

"အေးမြင်တယ် ဘတ်ဂျီဟွန်းအနိုင်ကျင့်ခံရတဲ့ကိစ္စကအရမ်းကြီးသွားမှန်းငါလဲသိတယ်
ဒါပေမယ့် သူတို့မိသားစုဘက်ကတောင်ဘာ
တစ်ခုမှမလုပ်တာ နင်ကကြားထဲကဝင်ပြီးဟီးရိုးလုပ်မလို့လား ပြီးတော့ဟိုဘက်ကကောင်တွေကလမ်းသရဲတွေနော် နင်ကိုသတ်ပြီးအလောင်းဖျောက်လိုက်မယ် ဘာမှတ်လဲ?"

"လုပ်ရဲရင်လုပ်ပေါ့!!ငါက‌တော့သူတို့ကိုရဲလက်
ရအောင်အပ်မှာပဲ နင်ကြည့်ထား အပြစ်လုပ်ရင်တော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရမယ်လေ"

အရမ်းတွေကိုသတ္တိကောင်ပြနေသည့်သူ၏သူငယ်ချင်း ကင်ဆောနူကြောင့်
ဆူဟန်လဲဘာတစ်မှဆက်ပြီးမပြောတော့ပေ!
အဲ့လောက်ထိရှင်းပြနေတာတောင် ခေါင်းမာနေတော့လဲသူ့အကြောင်းနဲ့သူပေါ့ သေရင်မြေမြုပ်ပြီး မသေရင်ဆေးရုံလိုက်တွေ့ဖို့သာတွေးလိုက်တော့သည်။

"ဒါဆို!နင်လူမိုက်ငှားသွားမှာလား"

"လူမိုက်ကဘာလို့ငှားရမှာလဲ"

"Ya!!ဟိုအကောင်တွေကချိန်းပွဲဟေ့ဆိုတာနဲ့
ချဖို့ပဲသိတာ အဲ့အချိန်နင်လေပြေအေး
တရားသွားဟောဦးမယ်ပေါ့ ရူးနေတာလား"

HELLO MY BROTHER || sunkiWhere stories live. Discover now