Ep 6

487 38 1
                                    

Unicode
အခုတိတ်ဆိတ်နေတဲ့ စာကြည့်တိုက်ထဲမှာ ရောက်နေပြီး ပန်းယဉ်လှိုင်ရဲ့ မျက်နှာချင်းဆိုင်မှာစာကုန်းလုပ်နေသူလေး နှင်းဆီပွင့်။ပြီးတော့ စားပွဲခုံပေါ်ရောက်နေတဲ့ နှင်းဆီတစ်ပွင့်နဲ့ပန်းအိုး။ပန်းယဉ်လှိုင် စိတ်ညစ်စွာဖြင့် နားမလည်တဲ့ သင်္ချာတွေကိုထိုင်ကြည့်နေမိတယ်။နောက်ဆုံးမရတော့လို့ အလွတ်ကျက်ဖို့သာ ဆုံးဖြတ်လိုက်ပြီး သင်္ချာကိုထိုင်ကျက်နေလိုက်တယ်။
ပါးစပ်ကတတွတ်တွတ်ရွတ်နေတဲ့ပန်းကိုကြည့်ပြီးဘာ ဘာသာရပ်လုပ်နေတာလဲဆိုပြီး စာအုပ်ကိုလှမ်းကြည့်မိတော့ သင်္ချာဖြစ်နေတာကြောင့် မျက်လုံးပြူးမိတယ်။ပန်းက သင်္ချာကိုအလွတ်ကျက်နေတာများလား။ဘောပင်ထိပ်ဖျားလေးနဲ့ ပန်းရဲ့ခေါင်းကို ရိုက်လိုက်တော့ နာသွားဟန်ဖြင့် ခေါင်းကိုကိုင်ကာ မျက်မှောင်ကြုတ်လျက် ‌ကိုယ့်ကိုမော့ကြည့်လာတဲ့ ပန်းကြောင့် ရယ်ချင်စိတ်ကိုမနည်းထိန်းထားမိတယ်။ချစ်ဖို့ကောင်းလိုက်တာပန်းရယ်။

"ဘာလဲ"

အသံတိုးစွာဖြင့်လေသံနဲ့ဒေါသသံရောလျက်ပြောလာသော ပန်း။နှင်းဆီပြုံးလျက်ပင်

"သင်္ချာကိုကျက်နေတာလား ပန်း တွက်ရမယ့်ဟာလေ"

နှင်းဆီစကားကြောင့် ပန်းကမျက်စောင်းထိုးကာ

"ငါနားမလည်လို့လေ"

"ငါရှင်းပြပေးမယ်လေ"

"မ လို ဘူး"

နှင်းဆီရဲ့စကားကို တစ်လုံးချင်းပြောကာ ငြင်းလာသော ပန်း။

"ငါကလည်း မ ရ ဘူး ရှင်းပြပေးမှာပဲ"

ပန်းလိုတစ်လုံးချင်း‌ပြောကာ ငြင်းလိုက်တော့ မျက်လုံးလှန်ကာ ဘာမှဆက်မပြောလာတဲ့ပန်း။ဒါဟာလက်ခံတာပဲလို့ ယူဆပြီး ပန်းနဲ့ဘေးချင်းကပ်ရပ်ကိုပြောင်းထိုင်ကာ သူမကြည့်နေတဲ့ပုစ္ဆာရဲ့မေးခွန်းကိုတချက်ဖတ်လိုက်ပြီး သူမကိုရှင်းပြပေးတော့ နားလည်သွားဟန်ဖြင့် မျက်လုံးအရောင်လဲ့လာတာကို မြင်လိုက်ရတယ်။

"ဘယ်လိုလဲ နားလည်လား လွယ်တယ်မလား"

နှင်းဆီပွင့်က သူရှင်းပြပေးနိုင်တာကို ဂုဏ်ယူစွာဖြင့်ပြောတော့ ပန်းယဉ်လှိုင်က မျက်ခုံးနှစ်ဖက်တွန့်လျက်

Rose & Garden Where stories live. Discover now