Ep 3

638 46 0
                                    

Unicode
ဒီရက်ပိုင်းထူးဆန်းတာတွေနဲ့ပဲ ကြုံနေရတော့တယ်။ လူတိုင်းက ကိုယ့်နာမည်ကိုသိပြီး နှုတ်ဆက်လာခြင်းကိုခံနေရတယ်။ဒီအရှုပ်ထုပ်တွေက နှင်းဆီပွင့်ဆိုတဲ့ကောင်မလေးကြောင့်ပဲ။နေ့လယ်စာစားချိန်တွေဆိုလည်း သူမက ကိုယ်ထိုင်တဲ့အပယ်ခံခုံတန်းမှာ ရောက်နေပြန်ပြီ။အခုအပါအဝင်ပဲ။သူမမှာသူငယ်ချင်းတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ကိုယ့်စီလာရတာလဲ။စိတ်ပျက်စရာပန်းတွေအကြောင်းနားထောင်ပေးတာကြောင့်လား။အမှန်ဆိုစိတ်ထဲမှာဘာမှမရှိဘူး နားလည်းမထောင်ဖြစ်ဘူး သူမပြောနေချိန်ဆိုဦးနှောက်ထဲမှာဘာကြောင့် သူမကဒီကိုရောက်နေပြီး ဘာလို့ ဒါတွေလာပြောနေရတာလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုပဲလိုက်ရှာနေမိတယ်။ငါသူမကို အမှန်တိုင်းပြောပစ်ချင်ပင်မယ့် ငါရဲ့အတွင်းထဲမှာအောင်းနေတဲ့ဖြူစင်တဲ့စိတ်ထားလေးက အားနာနေမိတယ်။ ဒီချီးထုပ်မလေးကို သူဟာသူထွက်သွားအောင်ဘယ်လိုလုပ်ရမလဲ။ပီကေမကြိုက်တဲ့အပြင် ပီကေတစ်ခုလိုလိုက်ကပ်နေတဲ့သူမကို စိတ်ကုန်မိတာအမှန်။ပီကေမဟုတ်ပဲ မျော့ဖြစ်လောက်တယ်။ကိုယ့်ရဲ့နဂိုကတည်းက မတတ်ကြွနေတဲ့ခွန်အားတွေကိုလည်းစုပ်ယူနေတာ။

~တို့ကတော့ ဒီ..ဒီကမ္ဘာမှာမပျော်နိုင်ခဲ့တာကြာပါပြီ~

နှင်းဆီပွင့်ဆိုတဲ့ကောင်မလေး ငါ့ဘဝထဲကိုဝင်လာပြီးကတည်းကပေါ့။သူမကိုသတိထားပြီးကြည့်မိတော့ နှစ်ဖက်ခွဲစီးထားတဲ့ဆံပင်လေးတွေက တိုသွားသလိုခံစားရတယ်။

"ဆံပင်ညှပ်ထားတာလား"

"ဟင်"

သူမစကားပြောနေရာကနေ ဖြတ်မေးတော့ ကိုယ့်ကိုမျက်လုံးအဝိုင်းသားနဲ့ကြည့်လာတယ်။ပြီးမှ အနောက်ကစီးထားတဲ့ဆံပင်လေးကိုတချက်ကိုင်ကြည့်လိုက်ပြီးတော့

"နင်သတိထားမိတယ်ပေါ့ ပန်း"

သူသဘောကျတဲ့ ပန်းဆိုတဲ့စာလုံးလေးဖြင့် ကိုယ့်နာမည်ကိုအဖျားဆွတ်ခေါ်တယ်။မကြိုက်ဘူးရယ်တော့မရှိပင်မယ့် ဘဝမှာ နာမည်ကိုအဖျားဆွတ်ခေါ်ဖို့နေနေသာသာ ကိုယ့်နာမည်ကိုသိတဲ့‌လူတောင် လက်ချိုးရေလို့ရအောင် နည်းပါးတာကို။

Rose & Garden Where stories live. Discover now