Ep 9

424 40 1
                                    

Unicode
ငါတို့တွေ အဲ့နေ့ကအတန်းလစ်ကြပြီးအနီးနားက ကဖေးဆိုင်တစ်ခုမှာအချိန်ဖြုန်းခဲ့ကြတယ်။ငါတို့တွေစကားအများကြီးပြောဖြစ်ခဲ့ကြတယ်။အမှန်တိုင်းပြောရရင် စကားအများကြီးပြောတယ်ဆိုတာ ငါတစ်ယောက်တည်းပေါ့။ပန်းက ငါပြောသမျှကို နားထောင်ပေးနေသူပေါ့။ပန်းကိုကြည့်ရတာ ကျောင်းကကိစ္စကြောင့်ငေးမှိုင်နေပုံရတယ်။ငါသူ့ကိုအဆင်ပြေရဲ့လားမေးတိုင်း သူထုံးစံအတိုင်း ခေါင်းညိတ်ရုံကလွဲလို့ နှုတ်ဖျားကအဖြေမလာ။ငါ့အတွက်ကတော့ ပန်းနဲ့ကဖေးဒိတ်လုပ်နေရသလိုခံစားရတယ်။ပန်းရဲ့ဆံပင်‌မှာပန်ဆင်ထားတဲ့ကလစ်လေးနဲ့ ပန်းကလိုက်ဖက်နေတယ်။ငါဒိီနေ့ကျောင်းသွားရဖို့အတွက် စိတ်လှုပ်ရှားနေပြီ။ပန်းရဲ့သူငယ်ချင်းအနေနဲ့ပထမဆုံးကျောင်းသွားရမှာဖြစ်တာကြောင့်ဖြစ်တယ်။ဒါပေမယ့် ပန်းကအမြဲတမ်းအခန်းထဲမှာသာနေတတ်တယ်။ကန်တင်းကငါပန်းကိုတွေ့နိုင်မယ့်တစ်ခုတည်းသော ကျောင်းကတည်နေရာပဲ။

စာသင်ချိန်တွေကဒီလောက်ကြာမှန်း ငါအခုမှနားလည်တော့တယ်။ငါပန်းကိုတွေ့ချင်နေတဲ့စိတ်ကြောင့် စာဖြေတာမှားလို့ ဆရာမစီကပထမဆုံး‌သောအချိန်အဆူခံခြင်းကိုကြုံလိုက်ရတယ်။သူငယ်ချင်းအဖြစ်နဲ့တောင် စိတ်တွေကဒီလိုဖြစ်နေတာ ငါသာ ပန်းရဲ့ချစ်သူဖြစ်ခွင့်ရရင်......တွေးရုံနဲ့တင် မျက်နှာပူမိတယ်။

နေ့လယ်စာစားချိန်ရောက်တော့ ထိုင်နေကြခုံတန်းမှာ ငါအရင်ရောက်နေတယ်။ခဏကြာတော့ ပန်းရောက်လာတာကြောင့် ပြုံးကာလက်ပြနှုတ်ဆက်ပင်မယ့် ပန်းစီကပုံမှန်အတိုင်းပဲအေးစက်တဲ့မျက်လုံးတွေကလွဲလို့ ကျန်တာမရလာ။ငါမျှော်လင့်တာများသွားတယ်ထင်ပါရဲ့။ငါတို့ကဒီတိုင်းသူငယ်ချင်းတွေပဲလေ။ပန်းက ခုံမှာထိုင်လာသည်အထိ ဘာစကားမှမပြောလာ။အေးလေ အရင်လိုပဲ ကိုယ့်ဘက်ကစပြောရမှာပေါ့။ပန်းကမေးတာကိုဖြေတာလောက်ပဲရှိတယ်။ဘယ်သောအခါမှစကားစပြောလာတာမရှိ။မ‌နေ့ကအတန်းလစ်တာကလွဲလို့လား။

"ပန်း ငါတို့ညနေကြရင် စာကြည့်တိုက်မှာတွေ့ကြမယ်နော်"

"စာကြည့်တိုက်....ညနေအတန်းပြီးချိန်လား"

Rose & Garden Where stories live. Discover now