Part - 3

6K 445 36
                                    

(Unicode)

ဒီနေ့တစ်နေ့လုံး ဂျောင်ကုစိတ်မကြည်...။
မကြည်ရသည့်အကြောင်းအရင်းကိုပြောရရင် breakfast ဝိုင်းမှာ မေမေပြောလိုက်တဲ့စကားကြောင့် စိတ်အချဉ်ပေါက်နေရခြင်းပင်...။

*ဘာတဲ့ လက်ထပ်ပွဲကို လက်ခံလိုက်ပြီတဲ့*
အဲ့သလောက်ထိ မြန်ဆန်လိုက်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ...။ မနေ့ကမှအသိပေးတယ် နောက်နေ့ကျ ချက်ချင်းလက်ခံလိုက်တယ်...။

ကင်မ်ထယ်ယောင်းဟာ အဲ့လောက်တောင်ပဲ အရှက်မရှိ မျက်နှာပြောင်တိုက်တတ်တဲ့သူလား...။ လက်မခံပဲ အပြတ်အသတ်ငြင်းမယ်လို့ထင်ခဲ့မိတာ...။

မေမေကလည်း လက်ထပ်ပွဲကို တစ်ပတ်အတွင်း စီစဉ်ပါမည်တဲ့...။ ကိုယ့်မှာ ပြန်ပြောနိုင်မယ့်အခွင့်အလမ်းလေးတောင် မရှိခဲ့ဘူး...။ အခုတော့အလိုလိုနေရင်း ကျွန်တော်ဂျွန်ဂျောင်ကုက ကလေးအဖေလို့ မဆီမဆိုင်အခေါ်ခံရတော့မယ်...။

ယွန်းဂီတို့ နမ်ဂျွန်းတို့ကြားရင် ရယ်လိုက်မယ့်ဖြစ်ခြင်း...။ တစ်သက်လုံးဖြောင့်လာခဲ့သမျှ ကွေးရတော့မည်...။ ကွေးတာနှင့်မပြီးသေး... ကလေးတစ်ယောက်ပါ အဆစ်ပါလိုက်သေးသည်...။

ဂျောင်ကု အခုလက်ရှိတွဲနေတဲ့ ဂျူယောင်းနဲ့ကလည်း အဆက်သွယ်ဖြတ်လို့မရ...။ သူမလေးက ကိုယ့်အပေါ်ကောင်းပြနေတော့ ပြဿနာမရှိပဲ တုံးတိကြီးဖြတ်ချလိုက်ရင် အရင်ဆုံး နာမည်ပျက်မည်က ဂျောင်ကုဘက်က...။

မိန်းမကိစ္စနဲ့ပတ်သတ်လို့ အရှုပ်အရှင်းကင်းတယ်လို့မဆိုသာပေမယ့် ကိုယ်က တွေ့ကရာမိန်းမနဲ့ တွဲတတ်တဲ့လူစားမျိုးမဟုတ်...။

တစ်နေကုန် ကုမ္ပဏီမှာအလုပ်လုပ်နေရပေမယ့် စိတ်ကမပါ ဟိုရောက်သည်ရောက်နဲ့ လက်မှတ်တွေမှားထိုးလို့ ဒုက္ခတွေရောက်သေးသည်....။

ပြဿနာကိုဖြေရှင်းဖို့ ကင်မ်ထယ်ယောင်းနဲ့တွေ့ဖို့လိုလာပြီ...။ မဟုတ်ဘူး....! သူနဲ့တွေ့ကိုတွေ့သင့်တာ...။ ပြီးရင် ကိုယ့်ဘက်က စိတ်ရင်းအမှန်ကိုပြောပြပြီး ခပ်ကင်းကင်းနေကြဖို့ စည်းတွေအထပ်ထပ်တားရမည်...။

လက်ထပ်ပွဲကတော့ ငြင်းလို့မရတော့ပါ...။
နှစ်ဦးနှစ်ဖက် သဘောတူညီပြီးကာမှ ကိုယ့်ဘက်ကစဖောက်ရင် ဖေဖေ၊ မေမေတို့ရဲ့ဂုဏ်သိက္ခာ၊ ပြီးတော့ ကိုယ့်သိက္ခာပါ အဖတ်ဆယ်မရအောင် ဖြစ်ပေလိမ့်မည်...။

~~STRING~~ (Completed)Where stories live. Discover now