Part - 12

5.9K 389 60
                                    

(Unicode)

"ဂျွန်ကလဲ~~အဲ့~~အဲ့ဒါက!!"

ကိုယ်က ရှေ့သို့တစ်လှမ်းတိုးလိုက်တော့ ကင်မ်ထယ်ယောင်းက လန့်ဖြန့်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်လေသည်...။

"ဖြေလေ...ခင်ဗျားပြောတော့ကူညီပေးမယ်ဆို"

တဖြည်းဖြည်းနဲ့ နောက်သို့ဆုတ်သွားရာကနေ နောက်ကဘီရိုနံရံနဲ့ ကျောကပ်သွားတဲ့အထိပဲ...။ ဘီရိုနံရံအား လက်တစ်ဖက်ဖြင့်ထောက်ကာ အပေါ်စီးကနေ သူ့မျက်နှာလေးအားငုံ့ကြည့်တော့ မီးရောင်ဝင်းဝင်းအောက်မှာ နီရဲတွတ်လျှက်...။ မျက်လွှာချထားသည်မို့ မျက်တောင်ဖျားတို့က ကော့စင်းလို့နေ၏။

ကိုယ့်မျက်နှာကိုပင် တည့်တည့်မကြည့်ပါပဲ တစ်ဖက်သို့သာစောင်းငဲ့နေတာကြောင့် ဂျောင်ကုသတိမထားမိသေးတဲ့ ပန်းသွေးရောင်ကြွနေတဲ့ မျက်နှာနုစင်စင်လေးထက်မှာ မှည့်နက်ကလေးက ထင်းလျှက်သား..။

"ဂျွန် အဲ့ဒီလိုမဟုတ်တာတွေပြောပြီး မရစ်နဲ့"

"ကျုပ်က ဘာမဟုတ်တာတွေပြောမိလို့လဲ... ခင်ဗျားကူညီနိုင်မယ်ထင်လို့ ပြောပြတာလေ... နည်းလမ်းလဲပြောပြပြီးသွားပြီ... ခင်ဗျားပြောတော့ အိပ်ပျော်အောင်အိပ်မှ အလုပ်တွေလုပ်နိုင်မှာဆို"

"အဲ့...အဲ့ဒါတော့ဟုတ်ပေမယ့်"

"ဟုတ်ရင် ကူညီလေ... ကူညီလို့ရရင် ကူညီပါ့မယ်ဆိုပြီး ခင်ဗျားကိုယ်တိုင်ပြောခဲ့တာနော်"

ကိုယ်က သူ့ထက်ပိုပြီး ခန္တာကိုယ်အချိုးအစား တောင့်သည့်အပြင် အရပ်အမောင်းကအစ ပိုသာနေတာကိုပဲ ဝမ်းသာရမလို...။ ကိုယ်ပြောတဲ့စကား တစ်ခွန်းစီတိုင်းကြောင့် မျက်တောင်ဖျားလေးတွေအား ပုတ်ခတ်လျှက် ဂနာမငြိမ်ဖြစ်နေပုံကိုကြည့်ရတာ သိပ်ကိုအရသာရှိလှပါသည်...။

"ဖြေပါဆိုနေ ဘာဖြစ်လို့ငြိမ်နေရတာလဲ... ကျုပ်က သိပ်စိတ်ရှည်တာမဟုတ်ဘူးနော်... ခွင့်ပြုချက်တွေတောင်းခံမနေပဲ အရယူလို့လဲရတယ်"

"ဟို... အဲ့...အဲ့လိုကြီးမလုပ်ချင်ဘူး
ကိုယ်... အဆင်သင့်မဖြစ်သေးဘူးလို့"

ပြောပြီးတာနဲ့ ရှေ့ကနေထွက်သွားဖို့ ပြင်နေတာကြောင့် ဂျောင်ကုလည်း လက်တစ်ဖက်ကနေဆောင့်ဆွဲကာ မျက်နှာချင်းဆိုင်လိုက်ပြန်သည်...။

~~STRING~~ (Completed)Dove le storie prendono vita. Scoprilo ora