Part - 38

5.5K 311 60
                                    

(Unicode)

မနေ့က ကုမ္ပဏီကိုလိုက်လာကြောင်း အတွင်းရေးမှူးဂျောင် ပြောပြလို့သိပေမယ့် ဂျောင်ကုဘက်က တမင်ပင်ထွက်မတွေ့ခဲ့...။ အပြစ်မရှိတဲ့သားကိုတော့ သနားပေမယ့်လို့ သူ့ကိုတော့ ဘယ်နည်းနဲ့မှခွင့်မလွှတ်နိုင်...။

တစ်ပတ်ကျော်လောက်အထိ အဆက်သွယ်မလုပ်တဲ့အပြင် သူ့ဘက်ကဆက်သွယ်ရင်တောင် တမင်နေနိုင်အောင်နေခဲ့တာ...။ ဒီလိုတွေဖြစ်အောင်လည်း သူ့ဘက်ကနေ ဖန်တီးခဲ့တာပဲ...။ လူကို သူတို့လှည့်ချင်သလိုလှည့်လို့ရတယ်ဆိုပြီး အရူးကွက်တွေနင်းခဲ့တာ ဘယ်သူလဲ...။ ကိုယ့်မှာတော့သူ့ကို သနားလိုက်ရတာ...။ အနိုင်ကျင့်ခဲ့မိလို့ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားခဲ့ရတာတွေရော...။

မျက်ရည်လေးကျပြလိုက်ရုံနဲ့ ဒီကငတုံးကောင်က သေတော့မလိုဖြစ်ခဲ့ရတာတွေ...။ ဒါကသူ့ရဲ့နိုင်ကွက် ဖြစ်သွားလိမ့်မယ်လို့ တွေးကိုမတွေးမိတာ...။ ဘဝမှာယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး လိမ်တာလောက်မုန်းတာမရှိခဲ့~~။

ဘာအတွက်လဲ~~ ဘာကြောင့်လဲ...။ ငွေအတွက်နဲ့ဒီလို လိမ်ရလောက်အောင်အထိ သူမက်မောခဲ့ဖူးတာတွေ မတွေ့မိသလောက်ပါပဲ...။ သူ့မှာမာနမရှိဘူးလို့ ဘယ်သူပြောလဲ...။ မေမေပေးတဲ့ကားကိုတောင် သူထုတ်စီးခဲ့တာမဟုတ်ဘူး...။ တကယ်တော့သူက ဂျောင်ကုထက် သားကိုပိုပြီးချစ်မြတ်နိုးနေတာ...။

သားနဲ့ဂျောင်ကုယှဉ်လာရင် သားကိုပဲပိုပြီး အလေးပေးခဲ့တာတွေ...။ ကလေးနဲ့ပြိုင်ပြီး သဝန်တိုနေတာလည်းမဟုတ်ပါဘူး...။ သူ့ဆီမှာ ကိုယ့်အတွက်နေရာမရှိတာ...။ သူချစ်တာကရောဘာလဲ...။ အားကိုးချင်တဲ့စိတ်တစ်ခုထဲအတွက်နဲ့ အချစ်လို့ခေါင်းစဉ်တပ်လိုက်ရင်တော့ ကိုယ့်အပေါ်ထားတဲ့သူ့အချစ်က အပေါစားဆန်လွန်းသွားတာပေါ့...။

သားကို ဂျောင်ကုချစ်ပါတယ်...။ ကိုယ့်သားအရင်းလေးနဲ့မခြား ချစ်ခဲ့ရတာ...။ သူနဲ့ပြဿနာဖြစ်တာကဖြစ်တာ သားကိုချစ်တဲ့အချစ်ကတော့ အခုထိတစ်စက်ကလေးမှ မလျော့ခဲ့ပါဘူး...။ စိတ်တိုနေတုန်း ကလေးကိုအပြစ်မြင်ခဲ့မိပေမယ့် ပြန်တွေးတိုင်းသနားစိတ်ဝင်ရတယ်...။

~~STRING~~ (Completed)Where stories live. Discover now