Him

164 16 0
                                    

{Unicode}

အချစ်ဦးကို အထက်တန်းကျောင်းသားဘဝမှာ စတင်တွေ့ရှိခဲ့တယ်။အရမ်းကိုလှတဲ့ယောက်ျားတစ်ယောက်ဆီမှာ ကျရှုံးသွားရတဲ့ကျွန်တော့်ရဲ့နှလုံးသားလေးတစ်ခု။

🫧🫧🫧🫧🫧

ဟျွန်းဂျင်ရဲ့မေမေက တက္ကသိုလ်နားမှာအဆောင်ခန်းဖွင့်ထားတာဖြစ်သည်။အဆောင်နှင့်တွဲရက်ထမင်းဆိုင်ပါဖွင့်ထားသည်မို့ဟျွန်းဂျင်တို့အိမ်ရဲ့စီးပွားရေးကပြေလည်သည်။အဆောင်ကလည်း နှစ်စဉ်လူပြည့်သလို၊ထမင်းဆိုင်ကလည်း ရောင်းအားကောင်းသည်။
ဟျွန်းဂျင်က လူဆိုးလေးမဟုတ်ပေမယ့် ဆိုင်မှာကူရတာကိုတော့ဝါသနာမပါပေ။နေ့လည်၊ညနေတို့မှာ ဆိုင်ကလူအရမ်းကျလာတတ်ပြီး အလုပ်အရမ်းများရသည်မို့ ထိုအချိန်တွေဆို မဖြစ်မနေ ဆိုင်ကိုဟျွန်းဂျင်ကကူပေးရသည်။
ဟျွန်းဂျင်က ပျင်းတာထက်အေးအေးဆေးဆေးနေရတာကို သဘောကျတာ။တစ်ယောက်ထဲနေရင်း၊တွေးရင်းငေးရင်း စာဖတ်ရတာဖြစ်ဖြစ်၊ပန်းချီဆွဲ‌နေရတာကိုပဲဖြစ်ဖြစ် သဘောကျသည်။ထို့ကြောင့်လူအရမ်းရှုပ်တဲ့မေမေ့ရဲ့ထမင်းဆိုင်က ဟျွန်းဂျင်ရဲ့စတိုင်တော့မဟုတ်ဘူးပေါ့။

"ဟွမ်...သားရေ မေမေ့ဆီခဏလာပါအုန်း"

‌ဆိုင်ရှေ့မှာထိုင်ပြီးယပ်ခတ်နေတဲ့ဟျွန်းဂျင်ကို မေမေကလှမ်းခေါ်နေသည်။မကြာခင် နေ့လည်စာစားချိန်ရောက်တော့မှာမို့ ဆိုင်မှာလူကျတော့မည်။ထို့ကြောင့်မို့ မေမေကဟျွန်းဂျင်ကို ကောင်တာထိုင်ခိုင်းတာဖြစ်ဖြစ်၊အော်ဒါမှတ်ခိုင်းတာပဲဖြစ်ဖြစ်လုပ်ခိုင်းတော့မည်။ဒီနေ့တော့ ‌ကောင်ဒါမှာပဲထိုင်ပြီး ငွေရေချင်သည်။ရာသီဥတုက အရင်နေ့တွေကထက်ပိုပူနေသည်မို့ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ချင်ပေ။

"မေမေ..ဒီနေ့ကောင်တာမှာပဲနေလို့ရလား
နော်....နော်"

ရှိသမျှအစွမ်းကုန်ထုတ်၍ ဟျွန်ဂျင်းချွဲလိုက်သည်။ပုံမှန်ဆို ချစ်စရာကောင်းတဲ့ပုံက ဟျွန်းဂျင်ရဲ့ပုံစံမဟုတ်ဘူး။ပြီးတော့ အဲ့လိုမျိုးလုပ်ပြရတာကိုရော၊လုပ်ပြခံရတာကိုပါ ဟျွန်းဂျင်မကြိုက်ပေ။မကြိုက်ဘူးဆိုသော်လည်း လိုအပ်ရင်တော့ထုတ်သုံးရသည်။မေမေက ဟျွန်းဂျင်ချွဲတာကို အရမ်းကြိုက်သည်မို့လေ။

My First Love whom I don't want to lose Twice Where stories live. Discover now