ဘဝမှာ အနိမ််အမြင့်၊ အတက်အကျရှိတယ်လို့လူတွေကဆိုကြတယ်။ ကျွန်မဘဝလည်းအဲ့လိုပဲ။
မိဘမဲ့ကျွန်မကို အလယ်အလတ်တန်းစားသူဋ္ဌေးလင်မယားကမွေးစားခဲ့တယ်။ သမီးအရင်းလေးလို ချစ်ပေးခဲ့ကြတဲ့ထိုသူနှစ်ဦးဟာ ကျွန်မဘဝရဲ့အဖိုးဖြတ်မရတဲ့သူတွေဖြစ်လာခဲ့တယ်။
ဝါသနာကိုမြေတောင်မြှောက်ပေးတဲ့မိဘတွေကြောင့် အထက်တန်းကျောင်းသူဘဝနဲ့ အောင်မြင်တဲ့tennisအားကစားမယ်ဖြစ်လာခဲ့တယ်။ ကောင်းမွန်တဲ့ training၊ supportနဲ့ ကြိုးစားမှုတို့ကြောင့် အိမ်ရဲ့ဧည့်ခန်းမှာရှိတဲ့ ရွှေတံဆိတ်တွေ၊ ဆုတွေက ဖေဖေတို့ရဲ့ ဂုဏ်ယူရာဖြစ်လာခဲ့တယ်။
ထိုသို့သော golden timeဟာ မရည်ရွယ်ပဲဆုံးရှုံးခဲ့ရတယ်။ တက္ကသိုလ်ဒုတိယနှစ်ပြီးဆုံးတဲ့ရက်မှာပဲ ကျွန်မ accidentကြောင့် အောင်မြင်တဲ့အားကစားမယ်ဘဝကို စွန့်လွှတ်ခဲ့ရတယ်။ မကြာမီမှာပဲ ကုမ္ပဏီတစ်ခုမှာ မန်နေဂျာလုပ်နေတဲ့ဖေဖေဟာ ကုမ္ပဏီငွေတွေလိမ်လည်တယ်လို့စွပ်စွဲခံခဲ့ရတယ်။ ထိုအခြေအနေကြောင့် ဖေဖေဟာ heart attackဖြစ်ကာ အိပ်ရာထဲလဲသွားတယ်။ တစ်ဖက်မှာလည်း ကုမ္ပဏီက ငွေပမာဏတော်တော်များများကို အတင်းတောင်းနေခဲ့တယ်။ သက်တမ်းရှည်ဝန်ထမ်းဖြစ်တဲ့ဖေဖေကို လုံးဝမငှဲ့ညာသလို့ ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုလို့မရခဲ့တာအပေါ် သံသယဝင်မိပင်မဲ့ ကျွန်မတတ်နိုင်တာမရှိခဲ့ပေ။
ထိုအချိန်မှာပဲ ကျွန်မဆီကို unknown numberတစ်ခုဝင်လာခဲ့တယ်။ မှောင်မိုက်နေတဲ့အချိန်မှာ ရခဲ့တဲ့အလင်းရောင်လေးတစ်ခုပေါ့။ ဖေဖေရဲ့အမဲစက်ကိုရှင်းလင်းပေးမယ်၊ ဖေဖေ့ကိုဆေးကုပေးမယ်၊ ကျွန်မမိဘတွေကို တစ်သက်လုံးသက်တောင့်သက်သာထားပေးမယ်ဆိုတဲ့ကမ်းလှမ်းချက်ကို ထိုလူဟာကမ်းလှမ်းခဲ့တယ်။ ကျွန်မလုပ်ပေးရမှာက ထိုလူနဲ့လက်ထပ်ပြီး တရားဝင်ဇနီးအဖြစ်နေထိုင်ရန်တဲ့။ ထိုထူးဆန်းတဲ့ကမ်းလှမ်းမှုကို ကျွန်မအတော်စဥ်းစားပြီးနောက်မှာ ကျွန်မလက်ခံခဲ့တယ်။ ကျွန်မတစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စမို့ လက်ခံလိုက်တာဟာ ရူးမိုက်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါမဲ့ သူတို့ပေးထားတဲ့ဘဝနဲ့ သူတို့ကိုကျေးဇူးဆပ်တာမို့ ကျွန်မနောင်တမရပါ။
ဒီလိုနဲ့ တွေ့ဆုံတဲ့အကြိမ်အရေအတွက်လက်ချိုးရေလို့ရတဲ့ ဘီလီယံနာတစ်ယောက်ဟာ ကျွန်မရဲ့ခင်ပွန်းဖြစ်လာတော့တယ်~~~~~~~~
💎💝💎💝💎💝💎💝💎💝💎💝💎💝💎💝
Happy birthday to me🥳
ဂျေဟီးရဲ့ထိပ်စည်းပြောင်းအမှတ်တရအနေနဲ့ ရေးလိုက်တာပါ🤡 ၂၀ပြည့်တဲ့ထိ ပထမနှစ်မှာတစ်,နေတဲ့ကိုယ့်ကိုယ်ကို ဒီပရက်ရှင်ဝင်လွန်းလို့ ဘီလီယံနာကြီးရဲ့ ဇနီးဘဝကိုပို့လိုက်ပါပြီ🥳🥳🤡
ကိုယ့် bd အမှတ်တရရေးတာမို့ ဂျေဟီးအကြိုက် no dramaပါ🤭😅 daily updateပေးချင်တာပါ။ ဒါမဲ့ရေးလို့မပြီးသေးတာမို့ မသေချာပါဘူး။ အပိုင်းအများကြီးမဟုတ်တာမို့ ကြာတော့မကြာစေရပါဘူး😅စောင့်မျှော်ပေးကြပါအုန်းနော်💝
Vote and feedback please🙏
𝓙𝓮𝓸𝓷 𝓙𝓪𝓮𝓱𝓮𝓮 🖤
I purple you💜
18. 4. 2023
*ကိုယ့် bdမှာမှ bibiက စစ်မှုထမ်းဝင်ရတယ်လို့😢 OT7ပြန်ဆုံချိန်ကို မျှော်နေမှာပါ💜💜
YOU ARE READING
My billionaire husband (သခင်ကြီးရဲ့ ချစ်ဇနီး)
Fanfictionjungkook × oc normal start date - 18. 4. 2023