Partyမှာ လူရှင်းတဲ့ဝိုင်းမှာကျွန်မတို့ထိုင်နေတာပင်မဲ့ Leoရဲ့ပဲ့ကိုင်ရှင်ဦးဂျွန်ကို လာနှုတ်ဆက်သူအများအပြားမို့ ကျွန်မလည်း ထိုနားမှာပဲထိုင်နေရင်း အကိုအဲလက်စ်ယူလာပေးတဲ့ မုန့်တွေပဲထိုင်စားနေလိုက်တယ်။ ကြားလာတော့ပျင်းလာသလို လူအများကြီးကြားထဲနေရတာမကြိုက်တာကြောင့်ခေါင်းပါမူးလာတော့တယ်။
"ဦးဂျွန်"
လူအနည်းငယ်ရှင်းသွားမှ သူ့ကို တိတ်တိတ်လေးခေါ်လိုက်တယ်။
"ဟို partyက ကြာအုန်းမှာလားဟင်"
"ဘာလို့လဲ ဘေဘီ။ နေလို့မကောင်းလို့လား"
"ဟို လူများတော့ခေါင်းနည်းနည်းမူးလို့ပါ"
"ဒါဆိုပြန်ရအောင်လေ"
ချက်ခြင်းထပြန်တော့မည့်ပုံမို့ တားလိုက်ရတယ်။ အားနာစရာတွေမဖြစ်စေချင်ဘူးလေ။
"ဟို ရပါတယ်။ အဲ့လောက်လည်းမဟုတ်ပါဘူး"
"ဒီလင်မယား ဘာတွေတွတ်ထိုးနေတာတုန်း"
ကျွန်မတို့ပြောနေတုန်း Jin oppaရောက်လာတာမို့စကားစပြတ်သွားတယ်။
"ကျွန်တော်တို့ပြန်တော့မလို့ hyung"
"ဂျောင်းဂုဂီး ပြန်တော့မလို့လား"
တစ်ခြားသူတွေပါရောက်လာတာမို့ ကျွန်မအားနာမိသွားတယ်။ အဲ့ဦးဂျွန်ကလေ ရပါတယ်ဆိုတာကို သူလုပ်ချင်ရင်ဇွတ် . ကျွန်မကျ မျက်နှာပူစရာကြီးလေ ...
"ဟုတ်တယ် hyung။ ကျွန်တော် ဝိုင်သောက်ထားတော့ခေါင်းနည်းနည်းမူးချင်သလိုဖြစ်နေလို့"
"ဟမ် !!! မင်းလို .. (အွတ်)"
"သွားလေ။ partyလည်းပြီးပါပြီ။ daddyတို့တောင် အိမ်ပြန်သွားတာကြာပေါ့"
ယွန်းဂီ oppaရဲ့ပါးစပ်ကို အတင်းအုပ်ထားရင်း jin oppaကဆိုလာတယ်။
"Nae ဒါဆိုသွားပြီ hyungတို့"
"အေးအေး နောက်ရက် ခယ်မလေးကျောင်းမဖွင့်ခင် ကျွန်းကိုတစ်ခေါက်လောက်သွားအောင်လေ။ hyungအစီအစဥ်ဆွဲလိုက်မယ်"
"Ok Jimin hyung"
.
.
.ဒီလိုနဲ့ကျွန်မတို့ partyကပြန်ရောက်လာခဲ့တယ်။ ကျွန်မအဝတ်အစားကနေရကျပ်တာမို့ လဲဖို့အခန်းထဲမြန်မြန်သွားလိုက်တော့ ဦးဂျွန်ကပါ ဝင်လာတယ်။ ရုတ်တရက် ကျွန်မကိုလှမ်းဆွဲပြီး နံရံမှာကပ်လိုက်ပြီး အုပ်မိုးကြည့်လာတာမို့လန့်သွားမိတယ်။ ကျွန်မရဲ့နှုတ်ခမ်းတို့ကို မွတ်သိပ်စွာလာနမ်းတဲ့ဦးဂျွန်ကြောင့် အရမ်းလန့်သွားမိတယ်။ ဦးဂျွန်ကရုတ်တရက်ကြီးဘာလို့!!! မူးနေတယ်ဆိုရအောင်လည်းဝိုင်းတစ်ခွက်လောက်ပဲသောက်ထားတာပါ!.......
VOUS LISEZ
My billionaire husband (သခင်ကြီးရဲ့ ချစ်ဇနီး)
Fanfictionjungkook × oc normal start date - 18. 4. 2023