10

310 24 17
                                    

10>>>>>>>>>>> Anniversary

တစ်ရက်ထက်တစ်ရက်ကုန်လွန်လာခဲ့တာ မနက်ဖြန်ဆို ကျွန်မတို့ရဲ့ 1 year anniversaryတောင်ရောက်ပြီ။ ဦးဂျွန်ကခုတလောအလုပ်ရှုပ်နေတာမို့ မှတ်မိပါ့မလား ကျွန်မမသိဘူး။ တကယ်တော့ ဦးဂျွန်မမှတ်မိရင်တောင် ကျွန်မစိတ်မကွက်ဘူး။ ဘာလို့လဲဆိုတော့ ဦးဂျွန်က အလုပ်ရှုပ်နေပင်မဲ့ ကျွန်မအပေါ် ဂရုစိုက်မပျက်ခဲ့တာမို့ ဦးဂျွန်နဲ့အတူရှိနေတဲ့အချိန်တိုင်းက အထိန်းအမှတ်နေ့တွေနဲ့မခြားဘူးလေ🤭

ပြီးတော့ သတင်းကောင်းတစ်ခုရှိသေးတယ်။ ကျွန်မလက်တွေကို အချိန်ယူပြီး ကုသတာတွေ လေ့ကျင့်ခန်းလုပ်တာတွေကြောင့် doctorက tennisပြန်လေ့ကျင့်ခွင့်ရဖို့ နီးလာပြီတဲ့လေ။ tennisပတ်သက်ပြီး ကျွန်မမှာလောဘများများမရှိခဲ့ပါ။ အိုလံပစ်မှာ ရွှေတံဆိတ်တော့ရဖူးချင်ပါသည်။ accidentကြောင့် မျှော်လင့်ချက်တွေသေဆုံးခဲ့ပင်မဲ့ ဦးဂျွန်ကြောင့်ပဲ ပြန်လည်ရှင်သန်လာခဲ့တယ်။ ကျွန်မသိပ်ကံကောင်းပါတယ်။ ကျွန်မအပေါ်အချစ်မပျက်တဲ့မိဘတွေအပြင် ဦးဂျွန်လိုလူကိုပါ ပိုင်ဆိုင်ခွင့်ရခဲ့တာ ကျွန်မဘဝရဲ့အကောင်းဆုံးသောဆုလာဒ်တွေပဲ။

တောင်*

*ကိုယ်ဒီနေ့ နောက်ကျမှာမို့ အိပ်နှင့်နော် ဘေဘီ(😘)*

အိပ်ဖို့ပြောတာကိုစောင့်နေရင် ဦးဂျွန်ကမကြိုက်ပေ။ အဲ့တာကြောင့်ကျွန်မလည်း ကျောင်းက assignmentပြီးတာနဲ့ အိပ်ဖို့ပြင်လိုက်တော့တယ်။ အိပ်ရာကျယ်ကြီးမှာ တစ်ယောက်တည်းမို့ ဟာတာတာနေပင်မဲ့ တစ်နေကုန်ကျောင်းမှာ assignmentအတွက်ပြေးလွှားခဲ့ရတာမို့ ပင်ပန်းနေတာကြောင့် အိပ်ပျော်သွားတော့တယ်။
.
.
.
မနက်ကျွန်မနိုးလာတော့ ဦးဂျွန်က ရုံးသွားဖို့ပြင်ဆင်နေပြီ။ ဒီနေ့ပိတ်ရက်ပင်မဲ့ ရုံးသွားရမယ်ထင်တယ်။

"Morning babe..... Happy anniversaryပါဘေဘီ"

ကျွန်မထထိုင်လိုက်တာနဲ့ ဦးဂျွန်က ကျွန်မဘေးမှာဝင်ထိုင်ပြီး နဖူးကိုတစ်ချက်နမ်းရင်း ဆိုလာတယ်။

"ကိုယ်ဒီနေ့ အရေးကြီး meetingရှိလို့ ကုမ္ပဏီခဏသွားမယ်။ ပြန်လာရင် နေ့လည်စာလည်းအပြင်ထွက်စားရင်း ဘေဘီသွားချင်တဲ့ နေရာတွေလိုက်ပို့ပေးမယ်....နော်"

My billionaire husband (သခင်ကြီးရဲ့ ချစ်ဇနီး)Where stories live. Discover now