↪4↩

263 38 8
                                    

- soobinက soleeအပါအဝင် ကျန်တဲ့ကလေးတွေကိုခေါ်ကာ ထမင်းစားပွဲဆီသို့ရောက်လာခဲ့သည်။ -

"ကိုကြီးခါအီ  ဒီမှာထိုင်လေ...."

- နှစ်ယောက်သားမတ်တပ်ရပ်ကြည့်နေတုန်း soleeလေးက hueningကိုခေါ်ထိုင်နေသည်။ -

"ဒါဆိုကလေးကဘယ်မှာထိုင်မှာလဲ "

" ကိုကြီးခါအီရဲ့ ပေါင်ပေါ်မှာထိုင်မယ်လေ"

" ဟင်....ဒါဆိုကိုကြီးကရောဘယ်မှာထိုင်ရမလဲ...."

" ကျွန်တော့်ဘေးမှာလာထိုင်ပါ ကိုကြီးထယ်ဟျွန်း"

- ခေါ်ထိုင်တဲ့ကလေးဘေးနားကခုံလေးမှာဝင်ထိုင်လိုက်သည်။ -

" ကလေးတွေက သူတို့သဘောကျတဲ့လူကိုရွေးပြီးနေပြီထင်ပါရဲ့။ မင်းတိုကိုချစ်လိုက်ကြတာ"

- soobinက ပန်းကန်တွေချပေးနေရင်း ပြောလာသည်။ -

" သဘောကျတယ်ဆိုလို့ တော်ပါသေးတယ်ဗျာ။ "

- soleeလေးကိုချီကာပေါင်ပေါ်တင်ပေးရင်းပြောလာသော huening -

" စားလို့ကောင်းမှာဘဲ"

" ဆူဘင်း အဲ့ဒါကဘာလဲဟင်"

" အာ...အဲ့ဒါ....ပဲကိုကြော်ထားတာ။
ဒါပေမဲ့ မင်းတို့လာတော့မေ့သွားလို့ နည်းနည်းတူးသွားတာ။ ဟဲဟဲ "

"ဒါနဲ့ ပဲကြော်နဲ့ပဲဟင်းလား။ "

- taehyunက မေးလာသည်။ -

" အွန်း....
အားနာစရာပေမဲ့ ငါတို့မှာက အဲ့ဒါအပြင်မရှိဘူး။ "

" အာ....မဟုတ်... မဟုတ်တာကို...
ကျွန်တော်တို့လည်းကြိုက်ပါတယ်။ ဟုတ်တယ်မလား "

" အွန်း ဟုတ်တယ် ဟုတ်တယ် ။
ကျွန်တော်တို့ ကြိုက်ပါတယ်။ "

" ဒါဆိုစားကြမလား"

- soobin huening နဲ့ taehyunတို့အပါအဝင်အားလုံးညစာစားလိုက်ကြသည်။ -
.
.
.
- soobinကို soleeကဝိုင်းကူရန်ကျန်ခဲ့ပြီး huening နဲ့ taehyunကအပေါ်ကိုတက်လာခဲ့သည်။ အခန်းရဲ့ပြတင်းပေါက်မှာရပ်နေကာ....

" ငါ စိတ်ထဲမကောင်းဘူး။ "

"ဘာမှမတတ်နိုင်ဘူးမလား။ ဒီနေရာမှာကူညီနိုင်တာဘာမှမရှိသေးဘူး။ "

Back (Mirror Mirror , Show back our love)[Completed]Where stories live. Discover now