↪Extra↩

347 34 32
                                    

- အဖိုးရဲ့ ဇာပနပွဲပြီးတော့ အိမ်ကိုအမေတို့နဲ့အတူပြန်လာခဲ့ကြတယ်။ မနှုတ်ဆက်ချင်ဘူး....Choi Beomgyu မင်းကဘယ်နေရာရောက်နေမလဲမသိပေမဲ့ စောင့်နေတာမလို့ ပြန်လာခဲ့။ မင်းမလာရင် ငါလိုက်လာမှာ။ တကယ်ပြောတာနော်.....ငါမင်းကလွဲရင်ထပ်မချစ်နိုင်တော့ဘူး။ -

-Soolee!
ငယ်လေးကို သတိရတယ်။ ဆူလီမရှိတော့တာ နှစ်ပေါင်းများစွာကြာပြီဆိုပေမဲ့ မနေ့ကမှကြုံတွေ့ခဲ့ရတဲ့ကိုကြီးက ငယ့်ကိုသတိရနေတယ်။ ပြန်လာမယ်မလား....ကိုကြီးရင်ခွင်ထဲမှာ ငယ့်ကိုဖက်ထားချင်တယ်။ -

"Huening na!!!"

- အသံပြဲကြီးဖြင့် taxiပေါ်ကဆင်းလာတဲ့ ကောင်လေး။ -

"ဆောထယ်ဝန်! မင်းကဒီအထိဘယ်လိုလုပ်ရောက်လာတာလဲ။ "(HK)

"မင်းပြန်ရင် ငါလာခဲ့မယ်လို့ပြောတယ်မလား။ ရော့! ဒါက အဖွားနဲ့အမေကထည့်ပေးလိုက်တာ...."(STW)

"ကျေးဇူးတင်ပါတယ် လို့စကားပါးပေး။ "(HK)

"ပြီးတော့ မင်းကြင်ဖက်တွေ့ဖို့ကိစ္စ ငါဆိုးလ်ကစီနီယာကိုစီစဥ်ခိုင်းပြီးသွားပြီ။ ကောင်မလေးကအဝေးကြီးကတော့မဟုတ်ဘူးကွ....အဲ့စီနီယာရဲ့ ညီမလေး။" (TW)

"ကြင်ဖက်တွေ့ဖို့ကဖျက်လိုက်လို့မရဘူးလား။ ငါမတွေ့ချင်တော့လို့။ "(HK)

" မတွေ့ချင်ရင်တောင် မိတ်တော့ဆက်လိုက်ပါကွာ။ အဲ့စီနီယာကဒေါသကြီးတယ်၊ သူ့ညီမလေးကို တော်ရုံမိတ်ဆက်ပေးတာမဟုတ်ဘူး။ "(TW)

"အွန်းပါ ငါသွားတော့တွေ့လိုက်ပါ့မယ်။ "(HK)

- taewonကို နှုတ်ဆက်ကာ ကားပေါ်တက်သွားသည်။ taehyunဖေဖေမေမေက ကားတစ်စီး။ ကိုယ်တွေနှစ်ယောက်ကတစ်စီးဖြင့်jiwoong hyungကလိုက်ပို့သည်။ -

"အာ...မေ့တော့မလို့....ဟျူးနင်းရေ ကြင်ဖက်တွေ့ရမဲ့ကောင်မလေးက Park Sooleeတဲ့။ အသက်19နှစ်။ အထက်တန်းကျောင်းသူလေး။ "(STW)

- ကားထွက်တော့မှလှမ်းအော်သော ​ဆောထယ်ဝန်။ hueningတကယ်မကြားခဲ့ပါ။ parkဆိုတာကလွဲရင်မကြားလိုက်။ -

"ဘာတွေအော်ပြောနေပြန်ပြီလဲမသိဘူး။ "( HK)

- လွယ်အိတ်ထဲက ဖုန်းနဲ့ နာကြပ်ကိုထုတ်ကာ သီချင်းဖွင့်ရင်း မျက်စိသာပိတ်ထားလိုက်သည်။ -
.
.
.
- သုံးလေးနာရီလောက် ရထားစီးပြီးတော့ ဆိုးလ်ကိုပြန်ရောက်လာခဲ့သည်။ -

Back (Mirror Mirror , Show back our love)[Completed]Where stories live. Discover now