↪5↩

240 36 10
                                    

-Beomgyu နဲ့ hueningတို့taehyunလဲကျသွားတာကိုမြင်ပြီး လှမ်းထိန်းလိုက်သည်။ hueningကလည်းရုတ်တရက် taehyunကိုထိမိပြီး သူပါ သတိလစ်သွားခဲ့သည်။ -

"Ya!!!!
ဒါကဘယ်လိုဖြစ်ရတာလဲ။ ထပါဦး။ taehyun!! Kai!! "

- အိမ်ရှေ့တွင်ခွေခွေလေးလဲကျနေသော လူနှစ်​ယောက်နှင့် beomgyuကိုမြင်တော့ soobinပြေးသွားမိသည်။ -

"ဘယ်လိုဖြစ်တာလဲ "

"မသိဘူး။
Taehyunကအရင်လဲကျသွားပြီး kaiကပါလဲကျသွားတာ။ "

"ကိုကြီးkaiထပါဦး။ "

"Beomgyu
Taehyunကိုပိုးပေးခဲ့နိုင်မလား။ "

"ဟုတ်ကဲ့ "

- taehyunကို beomgyuအားသယ်လာခိုင်းပြီး သူကkaiကိုကုန်းပိုးသွားခဲ့သည်။ -

-သတိလစ်သွားသောနှစ်ယောက်ကတော့ မသိနိုင်ပေ။ -
.
.
.
.
- အချိန်လွန်လေမှဖွင့်ကြည့်မိသော မျက်လုံးများ။ -

- မှောင်မဲနေသောအခန်းတစ်ခုထဲတွင်လဲနေခြင်းဖြစ်သည်။ အားယူကာ ထပြီးမှဘေးဘီကိုကြည့်လိုက်မိသည်။ -

"Huening na!!!"

- မိမိဘေးတွင်လဲကျနေသော huening -

" ဘာဖြစ်နေတာလဲ....hueningရေ ထပါဦး"

- တော်တော်ကြာကြာလှုပ်နှိုးပြီးမှ huening နိုးလာခဲ့သည်။ -

" taehyun na!! ဘာဖြစ်လို့လဲ....
ငါတို့ဘယ်ကိုရောက်နေတာလဲ "

" မသိဘူး...."

- ကြောင်တောင်တောင်ဖြစ်ကာ ထိုင်နေမိသည်။ -

" ya! ဒါက အနောက်အိမ်မှာမလား။ "

" ဟင်!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....အခု...အခု ငါတို့ ဒီဘက်ခေတ်ကိုပြန်ရောက်နေတာလား"

" မဖြစ်နိုင်တာကို...."

- အံ့သြနေသောမျက်လုံးများဖြင့် ဘေးဘီဝဲယာကိုကြည့်မိတော့ အနောက်အိမ်အရှေ့က မြက်တောထဲမှာဖြစ်သည်။ -

"သွားကြမယ်။ "

" မင်းလက်က ဒဏ်ရာရော..."

- taehyunလက်မောင်းကိုဆွဲကာ huening မေးလိုက်သည်။ -

" ဒဏ်ရာ? "

- သူ့လက်ကိုပြန်ကြည့်မိတော့ soobinစည်းထားပေးသောအဝတ်စကမရှိနေဘဲ အနာကလည်းတစ်ဖြည်းဖြည်းပြန်ကျက်ကာ အစမရှိပျောက်သွားသည်။ သူတို့ထွက်သွားတုန်းက အဝတ်အစားတွေလိုမျိုး Pajama တွေနဲ့ပြန်ဖြစ်နေသည်။ -

Back (Mirror Mirror , Show back our love)[Completed]Where stories live. Discover now