#1 (zawgyi)

361 5 0
                                    

i'm in love with the impossibility of us


အချစ်မှာ မျက်စိ မရှိဘူးတဲ့။

လူတွေက ဒီစကားကို ဟာသအဖြစ် လွယ်လွယ်လေး ပြောတတ်ကြတယ်။

ဒါပေမယ့် ထိုအဆိုက တကယ် မှန်တယ် ဆိုတာကိုတော့ "အချစ်" ဆိုတဲ့ စိတ္တဇနာမ်ကို ခံစားရတဲ့ သူပဲ သိမှာပေါ့။

ဒါမှမဟုတ် ဘေးကနေ ကြည့်နေရတဲ့သူကလည်း တစ်ခါတစ်လေကျ အခွင့်ကြုံသလို သိရတတ်၏။

တစ်နှစ်လောက်ပဲ တွဲနေတဲ့ အတောအတွင်းကို သူ့ရဲ့ နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ သိသာထင်ရှားစွာ ဖောက်ပြန်နေတဲ့ ကောင်မလေးဆီကို ပြန်သွားခဲ့ကတည်းက Lee Minhyung ဟာ မျက်ကန်း တစ်ယောက်ဆိုတာ ကျွန်တော် သိခဲ့ပါ၏။

ကောင်မလေးရဲ့ တောင်းပန်စကားကြောင့် တစ်ဖန် ပျော်ရွှင်နေခဲ့တဲ့ သူ့ကို စိတ်မကောင်း ဖြစ်ရအောင် တားနိုင်စွမ်း မရှိခဲ့တာမို့လို့ နောက်တစ်ခါ ထပ်မဖြစ်ဖို့သာ အကောင်းဆုံးကို မျှော်လင့်ရင်း လွှတ်ပေးခဲ့ပေမယ့် တစ်ခါ သစ္စာဖောက်ခဲ့တဲ့သူဟာ နောက်တစ်ခါ ထပ်သစ္စာဖောက်ဖို့ ဝန်မလေးဘူးလေ။

"အစ်ကို ... အခုလို အကြာကြီး ငိုနေရင် မနက်ဖြန် မနက်ကျ မျက်လုံးတွေ မို့အစ်နေပြီး ကြည့်ရဆိုးနေတော့မှာ ..."

တစ်ရှူး နောက်တစ်ရွက်ကို ကမ်းပေးလိုက်ရင်း အနည်းငယ် စိတ်သက်သာရာ ရလိုရငြား ခြောက်သွေ့စွာ ရယ်ကာပင် ကျွန်တော် ပြောလိုက်ကာမှ သူက ပိုလို့ပင် ငိုပါတော့၏။

"Haeyeon က ငါ့ရဲ့ အရာရာပဲဆိုတာ မင်းလည်း သိတာပဲ Donghyuck. ဒါပေမယ့် သူ့အတွက်တော့ ငါက ဘယ်တော့မှ အဲ့လို မဟုတ်ခဲ့ဘူး။ Hyuck ပြောစမ်းပါ ... ငါ့မှာ ဘာလိုအပ်ချက်တွေများ ရှိနေလို့လဲ? ဘာလို့ ... ငါ ရှိနေတာကို မမြင်နိုင်ရတာလဲ?"

အသည်းကွဲနေတဲ့သူက ခါးသီးလှတဲ့ စကားတွေကို နာနာကျင်ကျင် ပြောလာပေမယ့် ထိုလူသားကို ချစ်နေမိတဲ့ ကျွန်တော်က ပိုနာကျင်ရတာပေါ့။

ဒါပေမယ့်လည်း ရစ်ဝဲစပြုလာတဲ့ မျက်ရည်တွေကို ထိန်းရင်းသာ ရှိုက်ကြီးတငင် ငိုနေဆဲ ဖြစ်တဲ့ Minhyung ရဲ့ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပြီးပင် ကျွန်တော် နှစ်သိမ့်ပေးမိပါ၏။

blind {markhyuck}Where stories live. Discover now