#3 (zawgyi)

61 4 0
                                        

it's you because no one else makes sense


ဖေဖော်ဝါရီလ 14 ရက်နေ့ ဆိုသလိုပဲ ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ ဘယ်နေရာ ကြည့်ကြည့် နေရာတကာမှာ ချစ်သူစုံတွဲတွေသာ တွေ့နေရလို့ ကျွန်တော် အိမ်ပဲ ပြန်ချင်တော့၏။

ခါတိုင်းဆို ကျောင်းကလည်း PDA နဲ့ ပတ်သတ်ပြီး တင်းကြပ်ပေမယ့် Valentine's Day ဖြစ်လို့လား မသိ၊ ဒီနေ့မှာတော့ ဆရာ၊ ဆရာမတွေက အတွဲတွေ လူမြင်ကွင်းမှာ မဖွယ်မရာတွေ မလုပ်ရင် ပြီးရော၊ မသိချင်ယောင်ဆောင်သွားကြသည်။

ဒါပေမယ့်လည်း မသိချင်ယောင်မဆောင်နိုင်တာက ကျွန်တော်ပင်။

တပူးပူးတတွဲတွဲနဲ့ သွားနေတဲ့ အတွဲတွေ့တိုင်း Minhyung များလားဆိုပြီး စိုးရိမ်ပူပန်ရတာလည်း အလုပ်တစ်လုပ်။

စာတစ်ခုပဲ တော်တဲ့ ကျွန်တော်နဲ့ မတူစွာ ဘက်စုံထူးချွန်တဲ့ Lee Minhyung က ကျောင်းမှာ နာမည်ကြီး၊ ပျိုတိုင်းကြိုက် နှင်းဆီခိုင်လေးဆိုတော့ သေချာပေါက်ပင် ဒီနေ့မှာလည်း တော်တော်များများက လက်ဆောင်မျိုးစုံနဲ့ ဖွင့်ပြောကြမှာပဲလေ။

ပြောလို့တောင် မဆုံးသေး၊ ကျွန်တော့်ရဲ့ ထိုအတွေးက သွေးထွက်အောင် မှန်ပါ၏။

ကျွန်တော်တို့ နှစ်ယောက် အတူတူ တက်ရမယ့် အတန်းရှေ့မှာ ခပ်ချောချော မိန်းကလေး တစ်ယောက်က ချစ်ရသူကို ချောကလက်ဘူးလေး ထိုးပေးကာ ဖွင့်ပြောနေဟန်။

ကျွန်တော့်ရဲ့ ခြေလှမ်းတွေက သူတို့နဲ့ မလှမ်းမကမ်းမှာပင် ရပ်တန့်သွားသလို ထိုနည်းတူစွာ နှလုံးသားကလည်း စိုးထိတ်လွန်းလို့ ခုန်တာ ရပ်သွားသလား အောက်မေ့ရ၏။

သို့ပေမယ့် ထိုတစ်ခဏမှာပဲ ကောင်မလေးရဲ့ ချောကလက်ဘူးကို ညင်ညင်သာသာ တွန်းဖယ်ကာ ငြင်းပယ်တဲ့စကားကို ဆိုလိုက်တဲ့ Minhyung.

"တောင်းပန်ပါတယ်။ ကျွန်တော် လက်မခံနိုင်ဘူး ..."

"ဘာ-ဘာလို့လဲ Minhyung? သဘောကျတဲ့သူ ရှိနေလို့လား?"

ထိုအမေးစကားမှာတော့ သူက သွယ်ဝိုက်ကာပင် ဝန်ခံသလို နှုတ်ဆိတ်နေခဲ့၏။

blind {markhyuck}Where stories live. Discover now