#2 (zawgyi)

132 4 0
                                        

it's both a blessing and a curse to feel everything so deeply


ထိုနေ့ကစပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက သံသယမရှိစွာ ပြန်အဆင်ပြေသွားခဲ့တယ် ဆိုပေမယ့်လည်း တစ်စုံတစ်ရာကတော့ အရင်တုန်းကအတိုင်း မဟုတ်တော့ဘူး။

Lee Minhyung ရဲ့ တစ်ရက်တစ်ခြား ထူးဆန်းလာတဲ့ အပြုအမူတွေကြောင့် ကျွန်တော် လမ်း ထပ်ပျောက်နေရပြန်ပြီလေ။

"Donghyuck ဒီမှာ!"

ဒီတစ်ခါမှာတော့ Minhyung က ကန်တင်းထဲ ဝင်လာတဲ့ ကျွန်တော့်ကို မြင်တာနဲ့ လက်ယမ်းပြကာ လှမ်းခေါ်၏။

အချစ်ရူးဖြစ်တဲ့ ကျွန်တော်ကလည်း ပြုံးရယ်ကာပင် သူ ထိုင်နေရာ စားပွဲဆီ သွားလိုက်တော့ ကျောင်းက ကျွေးတဲ့ ထမင်းနဲ့ ဟင်းတွေ ထည့်ပြီးသား ဗန်းနှစ်ခုကို တွေ့ရ၏။

ဒါပေမယ့် ထိုင်နေတာက Minhyung တစ်ယောက်တည်းလေ ...

အစ်ကို Johnny ပါ အတူတူ လာစားမလို့များလား?

ထိုရိုးရှင်းတဲ့ အထင်နဲ့သာ ကျွန်တော့်အတွက် ထမင်းဗန်း သွားယူဖို့ လုပ်လိုက်ပေမယ့် ရုတ်တရက်ပင် ထိုလူသားက လက်ကောက်ဝတ်ကို လှမ်းဆွဲကာ တား၏။

"ဘယ်သွားမလို့လဲ?"

"အဲ ... နေ့လည်စာ သွားယူမလို့လေ။ ကျွန်တော်က ဘယ်သွားရမှာလဲ?"

Minhyung ရဲ့ မေးခွန်းကို နားမလည်စွာပင် ကျွန်တော် ပြန်ဖြေလိုက်ပေမယ့် သူက အခုထိ လက်ကောက်ဝတ်ကို အလွှတ်မပေး၊ ထမင်းဗန်းတစ်ခုကိုသာ မေးငေါ့ပြ၏။

"မလိုဘူး ... အစ်ကို မင်းအတွက် ယူထားပေးတယ်"

လုံးဝ မထင်မှတ်ထားတဲ့ ချစ်ရသူရဲ့ အပြုအမူကြောင့် အနည်းငယ်တော့ အံ့ဩသွားပေမယ့် အရင်တုန်းကလည်း သူ့အတန်းက တစ်ခါတစ်လေ စောဆင်းတဲ့အခါတွေကျရင် ကျွန်တော့်အတွက်ပါ ယူထားပေးနေကြဆိုတော့ ကျွန်တော်လည်း သိပ်တွေးမနေတော့။

"အိုး! ကျေးဇူး အစ်ကို! မဟုတ်ရင် အကြာကြီး တန်းစီ စောင့်နေရဦးမှာ"

ဝမ်းမြောက်ဝမ်းသာစွာပင် ထိုလူသားရဲ့ရှေ့က ခုံမှာ ဝင်ထိုင်လိုက်တဲ့အခါမှာတော့ သူက ထမင်းဗန်းကို ကျွန်တော့်ဆီ တိုးပေးပါ၏။

blind {markhyuck}Where stories live. Discover now