arc 1[မကောင်းဆိုးဝါးကြီးအား မြူစွယ်ခြင်း]

551 29 1
                                    

Unicode

'နောက်ကမ္ဘာသွားဖို့ ပြင်ဆင်ထားပါ ကစားသူ'

ပိုင်လင်းချန် ဟိုဘက်ကမ္ဘာ mission ပြီးမြောက်၍ spaceထဲ ပြန်ရောက်လာခြင်းဖြစ်သည်။ သူဘယ်ချိန်ထိ အခုလို ဆက်သွားနေရအုံးမှာလဲ ၊ system ဆိုတဲ့ဟာကလဲ သူ့အားနားချိန်ပင် မပေးဘဲ တစ်ကမ္ဘာပြီး တစ်ကမ္ဘာပို့လေသည်။ ကမ္ဘာတိုင်းတွင်လဲ သူက ဇာတ်လိုက်မ အမြင့်ကိုတက်ဖို့ ချနင်းခံရတဲ့ ကျောက်တုံးတစ်တုံး ဖြစ်ကာ နောက်ဆုံးတွင် ဇာတ်လိုက်ရဲ့ နှိပ်ဆက်ခြင်းကို ခံရကာ သေဆုံးရ စမြဲပင် ။ သူဟာလဲ လူသားတစ်ယောက်မို့ လူတစ်ယောက်ကို ချစ်ကာ ၊ ထိုသူနဲ့အတူ ဘဝတစ်ခုကို ကုန်ဆုံးချင်သည် ။ အချစ်ခံရတယ် ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူသိချင်သည် ။ သူဟာ system ထဲ မရောက်လာခင်က အထက်တန်းကျောင်းသား အရွယ်ဘဲ ရှိသေးကာ အချစ်ဆိုတာကို မသိခဲ့ပေ ။ ဘဝတိုင်း ၊ ဘဝတိုင်းမှာ ဇာတ်လိုက်က သူမကို ချစ်ကြောင်းပြောတဲ့အခါ သူမက ကမ္ဘာတစ်ခုလုံး အပိုင်စားရသလို ပြုံးနေတတ်သည်။ ဖန်းဆင်းရှင်သာ တကယ်ရှိရင် သူကို ထိုသို့ ဘဝမျိုးရအောင် ကူညီပေးဖို့ ပြောချင်သည် ။

ထိုအချိန် space တစ်ခုလုံး အဖြူရောင်မြူခိုးတွေနဲ့ ပြည့်နှက်သွားကာ သူ့နာမည်အား တစ်စုံတစ်ယောက်က ခေါ်လာသည်။

'ဟန်အာ လွှတ်မြောက်ချင်လား '

'ခင်ဗျားက ဘယ်သူလဲ ...'

'ဟန်အာ လွှတ်မြောက်ချင်လား '

သူမေးတဲ့ မေးခွန်းကို မဖြေဘဲ ထိုစကားကိုသာ ပြောနေသံကိုသာ ကြားနေရသည်။ သူတကယ်လွှတ်မြောက်နိုင်မှာလား ၊

'ကျတော် လွှတ်မြောက်ချင်တယ် '

'ကောင်းပြီ '

သူတစ်ကိုယ်လုံး ပေါ့ပါးသွားကာ မျက်စိတစ်မှိတ်အတွင်း သူနဲ့မရင်းနှီးတဲ့နေရာတစ်ခုကို ရောက်သွားရသည် ။ ထိုနေရာကို လှည့်ပတ်ကြည့်နေရင်း သူ့ရင်ခွင်ထဲကို အလုံးလေးတစ်လုံးက ဝင်ရောက် ပွတ်သပ်နေတော့သည် ။ သူကြည့်လိုက်တော့ အဖြူရောင်မြေခွေးသေးသေးလေးဖြစ်ကာ သူ့အား တောက်ပနေသော မျက်လုံးတွေနဲ့ကြည့်နေတော့သည်။

Please !  give me loveWhere stories live. Discover now