arc 1.3

372 20 5
                                    

Unicode

လန်ရှောက် မနက်နိုးလာတော့ သူ့တစ်ကိုယ်လုံး နာကျင်နေကာ ၊ အနောက်သူ့ရဲ့ အပေါက်လေးက ပြောမပြနိုင်လောက်ကို နာကျင်နေတော့သည် ။ ပြီးတော့ မနေ့ညက ပုံရိပ်တွေ တစ်ခုပြီးပြီး တစ်ခုပြန်ပေါ်လာတာကြောင့် သူမှာထိုင်ငိုချင်စိတ်တွေ ပေါက်လာရသည် ။ ဘာလို့ သူ့ကျမှ အခုလိုဖြစ်ရတာလဲ ၊ သူမသိတဲ့ လူတစ်ယောက်ရဲ့ တက်လုပ်ြခင်းကို ခံလိုက်ရတာ ဘယ်လောက်တောင်ဆိုးဝါးလိုက်လဲ ၊ သူ မနေ့ညက အကြောင်းပြန်တွေးနေရင်းမှ အခုအခြေအနေက တစ်ခုခုမှားနေကြောင်း သတိပြုမိလိုက်သည်။ အဝတ်မဲ့နေတဲ့ သူ့ခန္ဓာကိုယ်ကို အနောက်ကနေ တစ်ယောက်ယောက်က  သိုင်းဖက်ထားပြီး ထိုလူရဲ့ နှလုံးခုန်သံကို သူကြားနေရသည် ။ အခုအခြေအနေကြီးကို တစ်ယောက်မြင်သွားရင် သူ့အတွက် မကောင်နိုင်တာကြောင့် ထွက်ပြေးရန် စဉ်းစားလိုက်သည်။ အရေးနဲ့အကြောင်းဆို လောင်ဟူက ဘယ်ပျောက်နေမှန်းကို မသိဘူး ၊ သူ့ host ဖြစ်သူ တက်လုပ်‌ခံရတာတောင် အကူအညီပေးမယ် မရှိဘူး ၊ အခုတော့ သူ့မှာ ချစ်သူမရင်ခင် ဘဝအရင်ပျက်နေရပီ ၊ သူဆွဲဆောင်ရမဲ့ မကောင်းဆိုးဝါးကြီးသာ သူအခြားတစ်ယောက်နဲ့ အတူတူနေမိတာ သိပါက ၊ အရေခွံဆုတ်ခံရမှာ သေချာတယ် ။ သူ့ခါးပေါ်က ထိုလူရဲ့ လက်တွေကို အသာဖြုတ်ကာ ကုတင်ပေါ်မှ ဆင်းဖို့ လုပ်နေချိန် ပျော့ခွေနေတဲ့ ခြေထောက်တွေကြောင့် ကုတင်အောင် ပြုတ်ကျသွားရကာ အောက်ပိုင်းမှ နာကျင်မူကြောင့် အော်မိသွားသည် ။ အိ ၊ ငါတော့သေပြီ ၊ ထိုလူက ရုတ်တရက်မျက်လုံးများဖွင့်လာကာ သူ့အားစိုက်ကြည့်လာတာကြောင့် ၊ သူ့မှာ ငိုချင်လာရသည် ။

'လောင်ဟူ.. လောင်ဟူ.. မင်းဘယ်မှာလဲ ငါ့ကို ကယ်ပါအုံး '

'ရှိပါတယ် host ... ကျတော်လဲ မကူညီနိုင်ပါဘူး '

system ဆီမှ အားပေးစကားကြောင့် သူ့မှာ ဝမ်းနည်းတာ တစ်မျိုး ၊ အောက်ပိုင်း နာတာကလဲ ပိုးဆိုးလာတာကြောင့် သူ့မှာ မခံစားနိုင်တော့ဘဲ  အော်ငိုမိတော့သည် ။

'အီဟီး...ဟီး..လူယုတ်မာကြီး သူများမူးနေတာကို အခွင့်ရေးယူတယ် '

'သူ့ဟာကြီးမှ မစာမနာ တက်လုပ်သွားတာ ၊ အီးဟီး ..ဟီး '

ချန်းယုံ ၊ ကောင်လေးစပြီး နိုးနေကတည်းက သူသိနေပြီးသား ၊ ဘာဆက်လုပ်မလဲ သိချင်တာကြောင့် အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။ ရင်ခွင်ထဲက ကောင်လေးက ခနတော့ အတွေးများနေပင်မဲ့ ကောင်လေးခါးပေါ်က သူရဲ့လက်တွေကို ဖယ်ချလိုက်တာကြောင့် လူက မျက်မှောင်ကြုတ်ကာ အလိုမကျတော့ ၊ သူလက်တွေကိုဖြုတ်ချပြီး ထွက်သွားဖို့နေတဲ့ကောင်လေးက သူကြောင့် နာကျင်နေတာကြောင့် ကောင်းကောင်းမတ်တပ်မရပ်နိုင်ဘဲ ကုတင်အောက်ကို ပြုတ်သွားတော့ ၊ နာလို့ထင်ပါရဲ့ အော်သံလေးထွက်လာကာ သူနိုးလာမှာဆိုးကို ပါးစပ်ကို မြန်မြန်ပိတ်ကာ ထိတ်လန့်နေတဲ့ ပုံစံကြောင့် သူ့မှာ အသဲတွေယားသွားရတယ် ၊ သူလဲ စချင်လာတာကြောင့် မျက်လုံးကို ဖွင့်ကာ သူလေးကို စိုက်ကြည့်လိုက်တော့ ခနတိတ်သွားကာ သူ့ကို ကြည့်ပြီး မကြာဘူး ၊ မျက်ရည်တွေ ကျလာကာ အော်ငိုတော့သည် ။ သူလဲ အဲ့တော့မှ ကုတင်ပေါ်ကနေ သူလေးကို လှမ်းပြီးမလိုက်တော့ စွေ့ကနဲ့ သူပေါင်ပေါ်ရောက်လာတော့သည် ။ ပေါ့ရွတ်နေတာဘဲ ၊ နောက်မှ အစားများများ‌ကျွေးရမယ် ။

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

Please !  give me loveWhere stories live. Discover now