arc (1.1)

435 15 5
                                    


Unicode

System နဲ့စကားပြောနေရင်း အဆောင်နားကို လူတစ်ယောက်ကပ်လာတယ်လို့ ခံစားရတာကြောင့် သတိအနေအထားနဲ့ နေလိုက်သည်။ တံခါးဖွင့်သံကြားရပြီး  ခြေသံကတဖြည်းဖြည်းသူနဲ့  နီးလာသည်။ ထိုလူက ရုတ်တရက်ကြီးသူ့‌ဆီပြေးဝင်လာကာ ဓားနဲ့ ထိုးလာတာကြောင့် ခေါင်းပေါ်က ပုဝါကို ဆွဲဖယ်ကာ  ကုတင် ဘေးကို အလျင်မြန်ရှောင်ကာ လက်ကို ကန်ချလိုက်သည် ။ ဓားလက်က လွှတ်သွားတာနဲ့ ထိုလူကို ကန်လိုက်တာ တံခါးမှ အပြင်ကိုပြေးထွက်လာသည် ။ သူမှ သိုင်းမတတ်တာ ၊ ဆက်နေရင် အရင် လန်ရှောက်လိုဘဲ နောင်ဘဝကူး နေရမှာပေါ့ ။ ဒီနေရာက တတ်နိုင်သမျှ မြန်မြန်ပြေးရမယ် ။

'host ... ဘယ်ဘက်က အဆောင်ထဲကို ပြေးဝင်လိုက် '

System ပြောတဲ့အတိုင်း သူ့ရဲ့ဘယ်ဘက်က မှောင်မဲနေတဲ့ အဆောင်အတွင်းပြေးဝင်လာ ပုန်းနေ လိုက်သည် ။ လူသတ်သမားက သူပုန်းနေတဲ့နေရာကို ကျော်သွားမှ သူ့မှာ အသက်ဝဝရှုနိုင်တော့သည် ။ အမှောင်ထဲ ပြေးလာရတာကြောင့် အခုသူ ဘယ်အဆောင်နားရောက်နေလဲဆိုတာ သူမသိပေ ။ ရောက်လက်စနဲ့ မထူးပါဘူး ၊ လျှောက်ကြည့်လိုက်အုံးမယ် ။ ဟို စစ်သူကြီးလဲ သူ့ဆီလာမှာမှ မဟုတာ ၊ အဆောင်ခြံဝန်းကြီးကလဲ ကျယ်လိုက်တာ အခုထိ ‌နေရာစရာအဆောင်ကို မတွေ့ရသေးဘူး ။ ခြေတိုတော့မယ် ။

'လောင်ဟူ ...ငါ အခုဘယ်နားရောက်နေတာလဲ ဆိုတာ မင်းသိလား '

'မသိဘူးလေ ...ဒီနေရာက ဘယ်သူမှမတွေ့လို့ လူသတ်သမားလက်က လွတ်ရင်ပြီးရောဆိုပြီး ဒီအဆောင်ထဲ  ပြောလိုက်တာ '

'ကောင်းလိုက်တာ လောင်ဟူ မင်းသိတာ ဘာရှိလဲ '

လောင်ဟူဆိုတဲ့ အကောင် ၊ ဘာမှကို သုံးစားလို့မရဘူး ၊ အိပ်နေချိန် ငါ့ကို လာသတ်သွားရင်တောင် သိမှာမဟုဘူး ။ နားစရာ နေရာကလဲ အခုထိ မတွေ့နိုင်သေးဘူး ။ ဒီထက်ပို လမ်းလျှောက်ရရင် သူ သေတော့မယ် ။

ဟင်....‌ခြေတိုအောင် လမ်းလျှောက်ပြီးနောက်တော့ အလင်းရောင် ဝါးဝါးလေးကို မြင်လိုက်ရသည် ။ အဲ့နားမှာ လူရှိတာ သေချာပြီ ၊ သွားပြီး အကူအညီတောင်းရမယ် ၊ သူ အလင်းရောင်ရှိတဲ့နားရောက်တော့ ဘယ်သူမှ မတွေ့ရဘူး ။ ကျောက် စားပွဲအပေါ်မှာ သေရည်အိုး အနဲငယ်နဲ့ အလင်းရောင် ရအောင် မီးထွန်း ထားတဲ့ ဖယောင်းတိုင်ကိုသာ တွေ့ရသည်။ သူလဲ ဘာမှအများကြီး မတွေးနိုင်တော့ဘူး ။ ပြေးလာရတာရော ၊ အကြာကြီး လမ်းလျှောက်လာရတာကြောင့် စားပွဲပေါ်ရှိ သေရည်တွေကို ယူသောက်လိုက်တော့သည် ။ မဆိုးဘူး ၊ သောက်လို့ကောင်းသားဘဲ ၊ သောက်လို့ကောင်း ကောင်းနဲ့ သောက်ပြစ်တာ စားပွဲပေါ်ရှိ သေရည်အိုးအားလုံး နီးပါးကုန်သွားသည် ။ လူကလဲ အသိစိတ်ကောင်းကောင်းမရှိတော့ဘဲ ရီဝေနေတော့သည် ။

Please !  give me loveWhere stories live. Discover now