💮 EP -4 💮

278 35 2
                                    

ထိုညက ပွဲပြီးတာနဲ့ ချက်ချင်း အပြေးလိုက်သွားခဲ့ပေမဲ့ သူ့ရဲ့ကလေးငယ်ဟာ သူ မရောက်ခင်ကပင် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ လေဆိပ်က ပြင်ပထွက်ခွာ စာရင်းအရ ဆောနူဟာ သူ့ရဲ့မွေးရပ်မြေ ကိုရီးယားကို ပြန်သွားခဲ့ခြင်းပင်။ သိသိချင်း ကိုရီးယားက နေအိမ်ထိ လိုက်ရှာခဲ့ပေမဲ့ ကလေးငယ်ဟာ အိမ်ကိုပြန်မလာခဲ့။ကလေးရဲ့မိဘတွေ စိတ်ပူမှာစိုးတာကြောင့် မတွေ့ဖြစ်တာကြာတဲ့ အသိတယောက်အနေနဲ့ လမ်းကြုံဝင်လာတာဖြစ်ကြောင်း ပြန်ရောက်ရင် သူ့ဆီဆက်သွယ်ပေးဖို့သာ အမှာစကားပြောနိုင်ခဲ့သည်။

"သားက သားငယ်လေးရဲ့ သူငယ်ချင်းလား။ သားငယ်လေးက အခု အိမ်မှာမရှိဘူးကွဲ့အလုပ်ကိစ္စနဲ့ နယ်ဘက်ရောက်နေတယ် ပြောတယ် ။ အန်တီတို့လည်း ဖုန်းဆက်လို့မရဘူး ။ ဆက်လိုက်တိုင်း ဖုန်းပိတ်ထားတယ်ပဲ ပြောနေတာ သူကတော့ တပတ်တစ်ခါ ဆက်တယ် ။ သူ့ ဖုန်းနံပါတ်ပေးမယ် ။ သား ဆက်ကြည့်ကြည့်ပေါ့"

"ဟုတ်ကဲ့ပါ အန်တီ ကျေးဇူးအများကြီးတင်ပါတယ် ။ ပြီးတော့ ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ ။ တကယ်လို့ ဆောနူပြန်လာခဲ့ရင် ကျွန်တော့်ကို ဆက်သွယ်ပေးပါနော် "

၅ လလုံးလုံး ကလေးငယ်ကို ကိုရီးယားနိုင်ငံအနှံ့လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ ။ သူ့ရဲ့ကလေးငယ်က သူ့ဆီကနေ လုံအောင်ပုန်းနိုင်နေတာ တကယ့်ကို တော်လွန်းတာပဲမဟုတ်လား ။ မတွေ့ချင်လို့ ပုန်းရှောင်နေတဲ့သူဟာ ရှာရအခက်ဆုံးပဲမလို့ သတင်းအစအနလေးတောင်မရခဲ့ ။ ကလေးရဲ့ ဖုန်းနံပါတ်ဟာလည်း တစ်ခါဆက် တမျိုးနဲ့ အမျိုးမျိုးပြောင်းလဲနေတာကို ကလေးရဲ့ အမေဆီကတဆင့် အပတ်တိုင်း သိရသည်။ ရလာသမျှ ဖုန်းနံပါတ်တွေဟာ ဘယ်နှကြိမ်ပဲခေါ်ခေါ်  စက်ပိတ်ထားပါသည်နှင့် တိုးမြဲပင်။ မာမီနဲ့ အစ်ကိုတို့ဆီက ပြန်လာဖို့ မခေါ်မချင်း အီသန် ကြိုးစားရှာခဲ့ပေမဲ့ နည်းနည်းလေးတောင် အရာမထင်ခဲ့တာဟာ သူနဲ့ကလေးကြား တကယ်ပဲပြီးပြတ်သွားတာမျိုးလား ။

တောင်းပန်ပါတယ်  ကလေးရယ် ခွင့်လွှတ်ပေးဖို့ပြောပါဘူး ဒီတိုင်း ဒီတိုင်းလေး တောင်းပန်စကားကို ကိုယ်တိုင်ပြောချင်ရုံပါ တစ်ခါလောက်ပဲ တွေ့ခွင့်ပေးပါနော်

 💮 Pusteblume 💮 (✅✅✅)Where stories live. Discover now