💮 Extra 💮

413 34 3
                                    

"ထိုင်ပါဦး ဆောနူ ကိုယ့်ကိုယ်ကို စမိတ်ဆက်ပေးပါ့မယ် အစ်ကိုက အီဟီဆွန်းပါ ဒါကတော့ အစ်ကို့အမျိုးသမီး မီနာ ။ ဆောနူကို လက်စွပ်ပေးခဲ့တဲ့ သူကတော့ အစ်ကိုရဲ့ညီ အီသန် ပါ "

"ဗျာ"

"ဆောနူ ရှုပ်သွားတယ်ထင်တယ် တကယ်တော့ အီသန်က အစ်ကို့ထပ် ၅ မိနစ်ငယ်တဲ့ အစ်ကို့ရဲ့ အမြွှာညီပဲ ။ အီသန်က အရင်တည်းက လွတ်လွတ်လပ်လပ်နေတာ သဘောကျတဲ့သူမလို့ မာမီတို့ ဒယ်ဒီတို့နဲ့ မနေပဲ အိမ်ခွဲနေခဲ့တာ ။ ပြီးတော့ သူက Switzerland မှာနေတာထပ် ခရီးလှည့်သွားနေတာ များတယ် ။ အကြောင်းမသိတဲ့သူတွေဆို ဒယ်ဒီတို့မှာ သားတစ်ယောက်ပဲရှိတယ်တောင် ထင်ကြတာ။ အဲ့လိုထင်တဲ့အထဲ မီနာရဲ့မိသားစုလည်း အပါအဝင်ပဲ။ မီနာနဲ့ အီသန်က သူငယ်ချင်းအရင်းတွေလေ  ။ အစ်ကိုကတော့ မီနာ့ကို အရင်ထဲက သဘောကျခဲ့တာပေါ့။ အစ်ကိုနဲ့ မီနာ တွဲနေကြမှန်းသိတော့ မီနာ့အိမ်က အစ်ကိုနဲ့ မီနာ့ကို သဘောမတူခဲ့ဘူး ။ မီနာ့အဖေ အစ်ကို့ယောက္ခထီးက သူ့သမီးကို အရမ်းချစ်တာလေ ။ ဘယ်သူ့ကိုမှ မပေးနိုင်ဘူးဆိုတဲ့ သဘောပေါ့ ။ အဲ့ဒါကြောင့် အစ်ကိုနဲ့ မီနာ ခိုးပြေးပြီး လက်ထပ်ခဲ့ကြတယ် ။ အီသန်ကတော့ လက်ထပ်ပွဲရက် ပြန်လာပြီး ထုံးစံအတိုင်း ခရီးပတ်သွားတော့တာပါပဲ ။ နောက်ပိုင်း မီနာ့အဖေက နည်းအမျိုးမျိုးနဲ့ မီနာ့ကို ပြန်ခေါ်ပေမဲ့ မီနာက လုံးဝကို ပြန်လိုက်မသွားခဲ့ဘူး ။

တစ်နေ့တော့ အစ်ကိုနဲ့ ဒယ်ဒီ အလုပ်ကအပြန် အရက်မူး‌နေတဲ့ တစ်ဖက်ကားသမားကြောင့် accident ဖြစ်ခဲ့တယ် ။ အစ်ကိုက ၃ နှစ်နီးပါး မေ့မျောနေပြီး ဒယ်ဒီကတော့ ခြေထောက်မကောင်းတော့တာ အခုချိန်အထိပဲ ။ အစ်ကို accident ဖြစ်ပြီး မေ့နေတာ မီနာ့အိမ်က သိသွားရင် ပြန်ခေါ်မှာစိုးတာရယ် ဒယ်ဒီ့ကုမ္ပဏီရှယ်ယာတွေ မကျစေဖို့ရယ် အီသန်ကို ပြန်ခေါ်ပြီး အစ်ကိုအဖြစ်နဲ့ ဟန်ဆောင်ခိုင်းခဲ့ရတယ် ။ အမြဲလွတ်လွတ်လပ်လပ်နေခဲ့တဲ့ အီသန့်အတွက်တော့ အစ်ကို့အဖြစ်နေရတာ ပင်ပန်းခဲ့မှာပဲ ဆောနူနဲ့တွေ့မှ အဆင်ပြေသွားခဲ့တယ်ထင်ပါတယ် ။ အီသန်က အားလုံးမရိပ်မိအောင် ဟန်ဆောင်ကောင်းပေမဲ့ ဆောနူကိုတော့ ဆက်မလိမ်ချင်ခဲ့ဘူး။သူ ရှင်းပြဖို့ လုပ်ပေမဲ့ အခွင့်မသာခဲ့တာရယ် အခြေအနေအမျိုးမျိုးရယ်ကြောင့် အခုလိုတွေထိ ဖြစ်ကုန်တာ ။

 💮 Pusteblume 💮 (✅✅✅)Where stories live. Discover now