ချစ်ခဲ့မိိလို့မှားတယ်လို့ခံစားနေရပေမယ့်
ချစ်မိခဲ့ထိုအချိန်တွေကအပြစ်မှမရှိခဲ့ပဲ....ရှည်လျားတဲ့တစ်နေ့တာကို ဖြတ်သန်းရတာ ပျင်းစရာကောင်းတယ်။အပြင်ထွက်ဖို့ခေါ်နေတဲ့သူငယ်ချင်းတွေကိုငြင်းပြီး
အိမ်ထဲမှာပဲပေတေကာနေနေမိတယ်။Lisa စောစောြပန်လာခဲ့ရင် သူအိမ်မှာမရှိဖြစ်နေမှာစိုးလို့
အိမ်နောက်ဘက်ကိုတောင်မသွားပဲနေတာ။
အဒေါ်ကြီးချက်ပေးတဲ့ နေ့လည်စာကိုစားတော့လည်း
Lisa ကိုသတိရနေသည်။" LiLi ထမင်းဘူးယူသွားလား အဒေါ် "
" သူဌေးLi ကဘယ်တုန်းကထမင်းဘူးယူဖူးလို့လဲ"
" ဟုတ်သားပဲ "
" သူဌေးLi ကအဆာခံမယ့်သူမျိုးမဟုတ်ပါဘူး၊
မမလေးသာစားပါ "သူနဲ့ Lisa ကြားမှာ ဘာမှဘာမှဖြစ်မထားပါပဲ
Jennie စိတ်ထဲမှာ Lisa ကိုတွေ့ချင်နေသည်။
မနေ့က အမေတို့အိမ်ကိုလိုက်ခဲ့ပေးလို့ ကျေးဇူးပါပဲ လို့
ေြပာချင်၍လား။ မနက်ကမတွေ့လိုက်ရ၍လား။သို့သော်လည်း Lisa ကနောက်ကျမြဲတိုင်းနောက်ကျသည်။
ညနေဘက် အဒေါ်ကြီးပြန်သွားချိန်ထိ Lisa ပြန်ရောက်
မလာသေးဘူး။ ဒီလိုနဲ့ ညစာစားချိန်ထိရောက်လာတယ်။
Lisa ြပန်မလာတော့ဘူးလားတောင်ထင်မိသည်။Jennie ဆိုဖာပေါ်မှာခဏလေးအိပ်ပျော်သွားချိန်မှာ
အိမ်ရှေ့ကကားဟွန်းတီးသံကြောင့်လန့်နိုးသွားရသည်။" LiLi ြပန်လာတာထင်တယ် "
Jennie အိမ်တံခါးကိုဖွင့်ကြည့်လိုက်တော့
အိမ်ဘက်ကိုလျှောက်လာတဲ့ Lisa ကိုတွေ့ရတယ်။" ပြန်လာပြီလား LiLi"
သူ့အသံကိုကြားမှာ တံခါးဝမှာသူရပ်နေတာကို
သတိထားမိပုံရတယ်။ သူ့ကိုကြည့်လိုက်ပြီး
ခေါင်းညိမ့်ကာအထဲကိုဆက်လျှောက်သွားခဲ့တယ်။
Jennie အိမ်တံခါးကိုပိတ်လိုက်ပြီးနောက်ကလိုက်ဝင်
သွားတာကိုထူးဆန်းသလိုနဲ့သူရပ်နေတာကြောင့်
Jennie လည်းရပ်လိုက်သည်။" ငါ့ကိုေြပာစရာရှိလို့လား Jennie Kim "
" ထမင်းရော "
YOU ARE READING
Nothing
Fanfictionအတူတူဆိုရင် နာကျင်စရာရော ပျော်ရွှင်စရာရော မျှဝေလို့ရတယ်တဲ့ ဒါကို ကံကောင်းတယ်လို့ဆိုမလား အနည်းဆုံးတော့ စက္ကန့်တစ်ချက်ရွေ့တိုင်းမှာ သူ့ကိုချစ်ခွင့်ရနေလို့ ပျော်ရွှင်စရာလို့ထင်တယ်....