ပန်းတွေပွင့်တဲ့မနက်ခင်းတွေမှာ
တစ်ယောက်ယောက်ရှိရမယ်ဆိုပြီး
စိတ်ကူးယဥ်ဖူးတယ်။ စိတ်ကူးတွေထဲကအတိုင်း
ပန်းနဲ့တူတဲ့မိန်းကလေးလည်းရှိခဲ့ဖူးတယ်။
အရမ်းလှပခဲ့တဲ့အတိတ်တစ်ခုဖြစ်ခဲ့တယ်။
လှပတဲ့အတိတ်ဆိုတာတွေးနေရုံနဲ့ပဲပြီးသွားတယ်
ပြန်မရတော့ဘူး။စိတ်ကူးထားတဲ့မနက်ခင်းမှာ
ပန်းတွေကြွေကျသွားတယ်။ပန်းနဲ့တူတဲ့မိန်းကလေး
ကလည်းပျောက်သွားခဲ့တယ်။ ဆောက်တည်ရာမရ
ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ဆီမှာဘာမှမရှိတော့ဘူး။အမှောင်တွေထဲမှာလမ်းပျောက်နေပေမယ့်
အလင်းအနည်းငယ်ကိုတွေ့ရတာကြောင့်
ရှိသမျှအားနဲ့ပြေးသွားပေမယ့်မရောက်နိုင်ဘူး
ဖြစ်နေတယ်။ ငါဘယ်လောက်ထိကြိုးစားပြီး
ပြေးနေရဦးမှာလဲ။ ဘာမှမရှိတဲ့ငါ့ဆီမှာ
တွယ်တာစရာဆိုလို့ဘာတစ်ခုမှမရှိရတာလဲ။တကယ်တမ်းနာကျင်စရာကောင်းတယ်မဟုတ်လား။
နာကျင်စွာပဲပြေးလွှားနေရာကနေရပ်လိုက်တဲ့အခါ
လက်ဖဝါးတစ်ဖက်နွေးလာတာကိုခံစားမိလိုက်တယ်။
ခန္ဓာကိုယ်ကတစ်ခုခုကိုတုံ့ပြန်လာသည်။
မြင်နေရတဲ့ဝေးကွာနေတဲ့အလင်းတန်းအစား
မှုန်ဝါးဝါးပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။ထင်ထင်ရှားရှားမြင်နိုင်ဖို့မျက်လုံးဖွင့်ရမယ်ဆိုတဲ့
အသိဝင်လာသည်။အတင်းအကြပ်မျက်လုံးကို
ဖွင့်လိုက်တော့ စိုးရိမ်မှုအပြည့်နဲ့မျက်ဝန်းတစ်စုံကို
မြင်လိုက်ရသည်။စိတ်ထဲမှာပျော်သွားသည်။
နွေးထွေးသွားတယ်အသိက ထိုမျက်ဝန်းပိုင်ရှင်က
သူ့လက်ကလေးကိုဆုပ်ကိုင်ထား၍ဖြစ်နေသည်။" LiLi သတိရပြီလား "
ခပ်တိုးတိုးမေးသံကိုပြန်မဖြေမိဘဲထထိုင်ပြီး
ထိုမိန်းကလေးကိုသာဖက်ထားလိုက်မိတော့သည်။" LiLi ဆရာဝန်ခေါ်ရဦးမယ်လေ"
" ရတယ် မလိုတော့ဘူး အိမ်အမြန်ပြန်ရအောင်
ငါ အိမ်မှာနားချင်နေပြီ"Lisa ကအိမ်မှာနားချင်နေပြီလို့ပြောနေပေမယ့်
Jennieကိုဖက်ထားဆဲပါပဲ။" Jennie ကိုထပ်တွေ့ချင်တဲ့စိတ်နဲ့
အတင်းရုန်းကန်ပြီးထခဲ့ရတာ သိရဲ့လား
တကယ်တော့ ငါလည်းပင်ပန်းတယ် "
YOU ARE READING
Nothing
Fanfictionအတူတူဆိုရင် နာကျင်စရာရော ပျော်ရွှင်စရာရော မျှဝေလို့ရတယ်တဲ့ ဒါကို ကံကောင်းတယ်လို့ဆိုမလား အနည်းဆုံးတော့ စက္ကန့်တစ်ချက်ရွေ့တိုင်းမှာ သူ့ကိုချစ်ခွင့်ရနေလို့ ပျော်ရွှင်စရာလို့ထင်တယ်....