7

888 157 11
                                    

အရာအားလုံးကတူတူပဲ
အချိန်တွေရော နာကျင်စရာတွေရော
ခံစားရပုံခြင်းပဲမတူညီခဲ့တာ....

" ဆရာ သူဘာဖြစ်လို့လဲ  အတော်လေးဖျားနေတာလား "

Jennie  ကအခန်းထဲမှာအိပ်ပျော်နေပြီး
Lisa နဲ့ ဆရာဝန်ကအပြင်မှာရှိနေသည်။
Lisa ကအိမ်ကိုစောစောပြန်ပြီး ဆရာဝန်ကိုပါအိမ်မှာ
လာကြည့်ပေးဖို့ပြောထားခြင်းဖြစ်သည်။

" အားနည်းနေတာပါ သူဌေးLi
အိပ်ရေးပျက်လို့များလားပဲ၊ အစားအသောက်ရော
ပုံမှန်စားရဲ့လား "

" ဒီရက်ပိုင်း နည်းနည်းတော့ .."

" နည်းနည်းပိုပြီးဂရုစိုက်ပေးပါဦး  သူဌေးLiရဲ့
အိပ်ရေးပျက်လွန်းရင်လည်းမကောင်းဘူးနော် "

" ဟုတ်ကဲ့ ဆရာ ဂရုစိုက်လိုက်ပါမယ် "

ဆရာကိုတော့ ဦးလေးJoo ကိုပဲပြန်ပို့ခိုင်းလိုက်သည်။
အခန်းတံခါးကိုအသာဖွင့်ကြည့်မိတော့ အိပ်ပျော်နေတဲ့
Jennie ကိုတွေ့ရသည်။ ဆရာကဆေးထိုးပေးသွားတယ်လို့ပြောသွားတော့အိပ်ပျော်နေဦးမှာပဲ။

Lisa အောက်ထပ်ပြန်ဆင်းလာပြီး Jennie နိုးလာရင်စားဖို့တစ်ခုခုလုပ်ပေးမယ်လို့တွေးလိုက်သည်။

" Hello Omma "

Lisa ဖုန်းခေါ်လိုက်တဲ့သူက Jennie ရဲ့အမေဆီကိုဖြစ်သည်။

" ဟိုဟာလေ NiNi နေမကောင်းလို့လေ
သူနေမကောင်းရင်ဘာတွေစားတတ်လဲဆိုတာမသိလို့"

Omma ပြောပြနေတာတွေတော့အများကြီးပဲ၊
ဒါပေမယ့် သူမလုပ်တတ်တာတွေကများနေသည်။

" နေမကောင်းတဲ့သူကိုကျွေးရတာဆန်ပြုတ်တစ်မျိုး
တည်းရှိတယ်လို့ထင်နေတာ မဟုတ်ဘူးပဲ "

တစ်ဖက်က Omma ရဲ့ရယ်သံကြောင့်
Lisa ပြုံးလိုက်မိသည်။
လိုက်မိသည်။တကယ်လည်းသူမှမသိတာ။

" ဆန်ပြုတ်ကိုပဲအရသာရှိအောင်လုပ်ပေးလိုက်မယ်၊
ရတယ် ရတယ် မလာပါနဲ့၊ NiNiကနည်းနည်းပဲဖြစ်တာပါ အရမ်းစိုးရိမ်စရာမလိုပါဘူး

ကျွန်မစိုးရိမ်လွန်သွားတာပါ ဒါပဲနော် Omma  "

ကျွန်မစိုးရိမ်လွန်သွားတာပါဆိုတဲ့စကားလေးကိုတော့
တိုးတိုးလေးပဲပြောလိုက်မိသည်။
တကယ်လည်းသူစိုးရိမ်နေခဲ့ပါသည်။

Nothing Where stories live. Discover now