မိုးကောင်းကင်တခွင် အုံ့မှိုင်းနေသည်မှာ ညနေကတည်းက ဖြစ်သည်။အုံ့မှိုင်းနေသော ရာသီဥတုနှင့် လျှပ်စီးကြောင်းတွေက ၀မ်စံအိမ်ရဲ့ ခံ့ညားမှုကို မဖုံးကွယ်နိုင်။အိမ်တော်၏အကျယ်ပင် ပေ၁၀၀ခန့်ရှိသည့်အပြင် ခြံ၏အကျယ်မှာ ပေ၅၀၀ပတ်လည်မို့
တစ်ယောက်နဲ့တစ်ယောက် အော်ခေါ်ရင်ကြားဖို့ဆိုတာ မဖြစ်နိုင်။ယင်ဟွား တစ်ယောက်၀ရန်တာပေါ်တွင် ထိုင်နေမိသည်။ ညအိပ်၀တ်စုံအပြာနုဂါ၀န်ရှည်နှင့် ခါးကျော်လောက်ရှိသော ဆံနွယ်ရှည်တို့ကို ဖြန့်ချထားသည်မှာ ၀မ်စံအိမ်၏ သခင်မတစ်ယောက်အနေနှင့် တခြားသူကြည့်မည်ဆိုလျှင် ရိုးရှင်းလှသည်။
မျက်စိတဆုံး မြင်နေရတဲ့ ရှုခင်းတွေပန်းပင်တွေက သူမ ရင်ကိုမအေးချမ်းစေနိုင်ပါ။မျက်နှာပြင်ကို ဖြတ်တိုက်သွားသည့်လေတွေက သူမလို ပိတ်လှောင်နေသည်မဟုတ်ဘဲ အရပ်ရှစ်မျက်နှာဖြန့်ကျက်ကာ တိုက်ခတ်နေသည်။...
သူမ နှလုံးသားကိုဆုပ်စွဲထားသလို ခံစားချက်...
အဲ့ဒီနေ့တုန်းကသာ ထိုအမျိုးသားက်ိုမတွေ့ခဲ့ဘူးဆိုရင်.....
မျက်၀န်းညိုတစ်စုံရဲ့ ညို့ငင်မှုတွေကို လွန်ဆန်နိုင်စွမ်း ရှိခဲ့ရင် .....
သူမတို့အခြေအနေတွေက ယခုထက်ပိုကောင်းနိုင်မည်လား၀မ်ရိကျိုး (Eric)
၀မ်အိမ်တော်၏ တစ်ဦးတည်းသောသား
၀မ်အိမ်တော်ပိုင်ဆိုင်သည့် ဘဏ် လက်၀တ်ရတနာဆိုင် စားသောက်ဆိုင် စသည်တို့မှာ လုပ်ငန်း၃၀ကျော်....
ဖခင်ဖြစ်သူမှာ အစိုးရ၀န်ကြီးတစ်ဦး
ထိုလူသားအတွက် အခက်ခဲဆိုသည်မှာ အဘိဓါန်မှာ ရှာကြည့်ရမည်တူသည်။လာဗင်ဒါ ပန်းတွေပွင့်သည့် Netherlandမြို့လေးက အရာအားလုံး အစပြုခဲ့သည်....
သားအမိသုံးဦးတည်းသာ ရှိတော့သော သူမတို့မိသားစုလေး ဖခင်ဆုံးပြီးနောက် မိခင်ဇာတိဖြစ်တဲ့ Netherland သို့ပြောင်းရွှေ့လာသည်မှာ ၁၂နှစ်ကျော် ရှိခဲ့ပြီ။မိခင်၏ အ၀တ်အစားဖန်တီးမှု ပါရမီကို အမဖြစ်သူက အမွေဆက်ခံသည်။အမနှင့် မိခင်ဖြစ်သူက ရုပ်ရည်ချင်းတူသလို ၀ါသနာပါတူသည်။ငယ်ငယ်တုန်းက ယွင်ဟွား တစ်ယောက်အမေဖြစ်သူလို မျက်လုံးပြာလေးတွေ လိုချင်မိသည်။ပန်းချီဆရာတစ်ဦးဖြစ်တဲ့ ဖခင််ကို မျက်ဆံတွေကို အပြာရောင်ခြယ်ပေးပါဟု ပူဆာခဲ့သည်အထိ
