Part-1

563 51 8
                                    

"ပတ်ဂျီဟွန်း မနက်စာရပြီ
လာစားလှည့်"

"လာပြီ"

မားတို့များကိုယ့်သားလေးကိုခေါ်တာ
ညင်ညင်သာသာကိုမရှိဘူး

"မား ဘာဟင်းလဲ"

"စားစရာရှိတာစားလျှာမရှည်နဲ့"

"မားကလဲ"

"ဘယ်မားမှမလဲဘူးနောက်ပြီး
ဒါလေးဟျွန်းလေးအတွက်ယူ
သွားလိုက်ကလေးကအရမ်း
ကြိုက်တာပူတင်းဆို"

အမလေးသူများမြင်ငါက
မွေးစားသားထင်တော့မှာ

"ဘာတွေပွစိပွစိရွတ်နေတာလဲ
ဒါနဲ့နင်မျက်ကွင်းတွေညိုနေတာ
ညညဂိမ်းဆော့ပြန်ပြီလား
နင်တော့သေတော့မယ်"

"ဟာမားကလဲဘယ်ဂိမ်းမှမဆော့ဘူး
ဟိုဘက်အိမ်ကကောင်စုတ်လေ
ညညစာအော်ကျက်တာအိပ်လို့ကိုမရဘူး
အဟက်...အဆင့်ကဖြင့်အမြဲဘိတ်ချီး"

ခွက်

"အာ့...မားနာတယ်ဗျဘာလို့
ခေါက်တာလဲ"

"ခေါက်မှာပေါ့ညာဏ်လေးကောင်းလို့
အဆင့်တစ်လေးအမြဲရတာကိုဂုဏ်ယူ
မနေနဲ့ ဟိုကလေးကအမြဲကြိုးစားချင်
စိတ်ရှိတယ်သူ့ဟာသူမှတ်ညာဏ်လေး
မကောင်းရုံပဲ"

"မားကတော့လေသူ့ကိုသာပတ်မျိုး
ရိုးတပ်ပြီးအိမ်ခေါ်ထားလိုက်ကျွန်တော်
က​တော့ချွဲမျိုးရိုးပြောင်းပြီးမားမားချွဲ
စီပဲသွားနေတော့မယ်"

"ကြွကြွ..ငါလဲနင်ထက်စာရင်
ဟျွန်းလေးကိုပဲလိုချင်တယ်ဟေ့"

ဂျီဟွန်းစိတ်တိုပြီးမနက်စာတောင်
ကုန်အောင်မစားပဲထွက်လာခဲ့သည်
မစားရတော့လဲဘာအရေးလဲ
ဟိုဘက်အိမ်ဝင်စားမှာပေါ့

"ဟော..သားလေးတောင်လာပြီ
ဒီနေ့မားကဒီနေ့ဟွန်းလေးကြိုက်
တာတွေချက်ထားတာ"

ဟျွန်းဆော့ရှေ့ကအပိုတွေပြောနေတဲ့
မားကိုစိတ်ပျက်စွာကြည့်လိုက်မိသည်
သားများမှားသလားထင်ရတယ်
သူကြိုက်တာ​တော့တစ်ခုမှချက်မထား

"မား.. သားလဲမားလက်ရာလွမ်း
နေတာ"

ရှေ့ကပလီပလာတွေပြောနေတဲ့
ကောင်စုတ်ကိုကြည့်ပြီးဟျွန်းဆော့
အံမိတော့မလို့ပင်

"ဒါနဲ့ပါးကအလုပ်သွားပြီလား"

"သွားပါပြီတော်
အမလေးငါ့သားကမှမေးဖော်ရသေး
တစ်ချို့များမိုးလင်းထတာနဲ့
စားဖို့ပဲညလဲအသံဆိုးနဲ့နှိပ်ဆက်
နေတာ"

"အဟီးးးဟုတ်ပါ့နော်"

"မားးးတော်ပြီကျွန်တော်သွားတော့
မယ်"

"သွားသွား
လာသားလေးကထိုင်စားမားသေချာ
လေးချက်ထားတာ"

ဟျွန်းဆော့ဘုကြည့်ကြည့်ပြီး
တော့သာထွက်လာခဲ့တော့သည်

ဗိုက်ကလဲမပြည့်သေးဘူး
ဟိုဘက်အိမ်ပဲသွားစားတော့မယ်

"သားလေးအမလေးမားကမျှော်နေတာ
သားကြိုက်တာလေးချက်ထားတယ်
ပူတင်းလဲချက်ထားတယ်"

မားမားပတ်ရဲ့မနက်စာကတော့
လုံးဝသူ့အကြိုက်တွေကြီးပင်
အပြီအပြင်ဆွဲတော့မယ်

ဒါကတော့ပတ်အိမ်တော်ချွဲအိမ်တော်
နှစ်ခုရဲ့ပုံမှန်မနက်ခင်းပါပဲ

မားကသူ့ကိုချစ်ပေမဲ့ဟိုဘက်အိမ်က
ကောင်နဲ့ယှဥ်လာရင်သူကဒုတိယပင်

ဟိုဘက်အိမ်ကကောင်ကိုဒီဘက်အိမ်
ကိုလုံးဝမလာစေချင်ဘူး!!!!!!

ဒီစကားကနှစ်ယောက်သားရင်ထဲ
ကပြိုင်တူအော်မိတဲ့စကားပင်

မိဘတွေအဆင်ပြေပြီးအိမ်နီးချင်းလဲ
ဖြစ်တာကိုဘာလို့မတည့်တာလဲ
မမေးပါနဲ့

ပတ်ဂျီဟွန်းမို့လို့ကိုမတည့်တာ
ဖြစ်ပြီးချွဲဟျွန်းဆော့မို့ကိုအမြင်ကပ်
တာလို့ပြိုင်တူလုဖြေကြမှာအမှန်ပင်

         
                 ***********************

ပဲကြီးဟင်းထပ်စားပြန်ပါပြီ😁
ဒါလေးကကျောင်းတော်လောက်တော့
updateမမှန်လောက်ပါဘူး😁💛

အစောကမတင်သေးဘူးစဥ်းစား
ပေမဲ့ပိတ်ရက်မကုန်ခင်လက်ဆောင်
လေးသဘောပါနောက်ပြီးပထမဆုံး
ရေးတာလေးကလဲမနေ့ကပဲfinal
ထိပြီးသွားတဲ့အထိမ်းမှတ်လေးပါ💙

အတတ်နိုင်ဆုံးupdateမှန်အောင်ကြိုး
စားပါမယ်သဘောကျပေးမယ်လို့
မျှော်လင့်ပါတယ်❤

ဟိုဘက်အိမ် ဒီဘက်အိမ်Where stories live. Discover now