Part-6

293 44 7
                                    

ဂျီဟွန်းခုတလောဟျွန်းဆော့ကို
ရှောင်နေမိသည်သူ့စိတ်ကိုသူသေ
ချာသိနေပေမဲ့သူဝန်ခံဖို့သတ္တိမရှိသလို
ပြောထွက်ဖို့စကားစကိုရှာမရပေ...

"ဂျီဟွန်း...သက်ပြင်းတွေကလဲချလိုက်
တာဘာတွေတွေးနေလို့လဲ"

"ဘာမှမဟုတ်ပါဘူး"

"ငါ့ကိုလိမ်မနေနဲ့မင်းဟျွန်းဆော့
အကြောင်းတွေးနေတာမို့လား"

"ဟင်..မင်းဘယ်လိုသိလဲ"

"အဟက်..မင်းဒီလိုတွေးနေပြီဆို
အမြဲဟျွန်းဆော့အကြောင်းပဲလေ"

"အရမ်းသိသာနေတာလား"

"သိသာတာထက်တောင်လွန်နေသေး"

"ဂျွန်ဂယူရားး...ငါဘယ်လိုလုပ်သင့်
တယ်ထင်လဲဒါကလုံးဝမဖြစ်နိုင်တာ
ကြီးလေ"

ဂျီဟွန်းအခန်းအပြင်ဘက်ကို
ခပ်ဆွေးဆွေးငေးနေမိသည်...

"မင်းအတွေးလွန်နေတာဂျီဟွန်း
ဒီခေတ်ကြီးမှာမင်းပွင့်လင်းလို့
အဆင်ပြေပါတယ်"

"ဟူးးး...ငါလဲငါ့ကိုငါမသိတော့ဘူး"

ဂျီဟွန်းတို့စကားဝိုင်းလေးတစ်ဖန်
တိတ်ဆိတ်သွားတော့သည်...

"ဟဲ့...ဒုတိယနှစ်ကမောင်လေးကလေ
ဟျွန်းဆော့ကိုပန်းစည်းပေးနေတာတဲ့"

"ငါတွေ့ခဲ့သားပဲနှစ်ယောက်သား
အရမ်းလိုက်တယ်"

အနောက်နားခုံကကောင်မလေးတွေ
ပြောနေတဲ့စကားကိုကြားတော့
ဂျီဟွန်းထရပ်မိလိုက်သည်...

ဂျွန်ဂယူကပါဂျီဟွန်းကိုတိုးတိုးလေး
အကြံပေးလာသည်...

"မင်းနောက်မကျစေနဲ့"

ဂျီဟွန်ကောင်မလေးတွေနားအမြန်
သွားလိုက်သည်..

"ဘယ်နားလဲအဲ့ဒါ"

"ဟမ်.."

ရုတ်တရက်လာမေးတို့ကောင်မလေး
တစ်သိုက်ကြောင်သွားသည်...

"ဘယ်နားလဲလို့!!!
ဟျွန်းဆော့က"

"အာ..ဟိုအဲ့ဒါဘောလုံးကွင်းနားမှာ"

အလျင်အမြန်ဂျီဟွန်းပြေးထွက်လာ
မိသည်....

ဒီဟျွန်းဆော့ကသူ့ကိုပြေးရလွှားရ
အောင်သိပ်လုပ်တာပဲနောက်မှအပစ်
ပေးအုံးမယ်...

ဟိုဘက်အိမ် ဒီဘက်အိမ်Where stories live. Discover now