"Ready 1..2...3..."
"နေဦး..."
ချလပ်!!!
"ကြည့်ဦးငါဒီပုံထဲမှာရုပ်ဆိုးနေတယ်"
"ဘယ်ပုံလဲအချစ်ရဲ့"
ကွန်ပြူတာနဲ့အလုပ်ရှုတ်နေရင်းနဲ့
ဂျီဟွန်းကဟျွန်းဆော့စကားကြောင့်
လှမ်းမေးလိုက်သည်..."ဒီမယ်လေငါတို့ဘွဲ့ယူတဲ့နေ့တုန်းကလေ"
"ဟားး..အချစ်ရယ်ဒါကိုမကျေနပ်ဖြစ်
နေတုန်းလားနှစ်နှစ်တောင်ရှိနေပြီလေ"ဂျီဟွန်းအလုပ်ပြီးလို့သိမ်းစရာရှိတာတွေ
သိမ်းပြီးကုတင်ပါ်မှာစောင်ပုံတွေကြား
မှာအရင်ကသူတို့ဓာတ်ပုံအယ်လ်ဘမ်ကို
ကြည့်နေတဲ့ဟျွန်းဆော့နားသွားထိုင်လိုက်
သည်..."မကျေနပ်ဘူးငါအဆင်သင့်မဖြစ်သေး
ဘူးဆိုတာကိုရိုက်တယ်လေနောက်ပြီး
ထပ်ရိုက်ရအောင်ဆိုလဲမရဘူးဒီပုံကြီး
ကိုထုတ်ထားသေးတာ"တစ်တွတ်တွတ်မကျေမနပ်ပြောနေတဲ့
ဟျွန်းဆော့ကိုကြည့်ပြီးဂျီဟွန်းအသဲ
ယားလာမိသည်..."လာပါဦးကိုယ့်စီ"
ဂျီဟွန်းလက်ဆံ့ပေးလိုက်တာနဲ့
ဟျွန်းဆော့ကလှစ်ခနဲနေအောင်ရင်ခွင်
ထဲတိုးဝင်လိုက်သည်..."အဲ့တုန်းကအချစ်ကိုယ့်ကိုသုံးရက်တောင်
စိတ်ကောက်တာလေ""ကောက်မှာပေါ့ငါ့ပုံကရုပ်ဆိုးနေတာကို"
"ဘယ်မှာဆိုးလို့လဲသဘာဝအတိုင်းရီနေ
တာလေးကဘယ်လောက်တောင်ချစ်ဖို့
ကောင်းလဲ""အားး..မသိဘူးဒါကိုမြင်တိုင်းမကျေနပ်
တာပဲသိတယ်နောက်ပြီးအဲ့နေ့က
အကြောင်းအမျိုးမျိုးကြောင့်ငါတို့ဘွဲ့
ဓာတ်ပုံကနှစ်ယောက်အတူသေချာ
မရိုက်ခဲ့ရဘူးလေအဲ့ဒါကြောင့်ပြောနေ
တာငါက""အင်းပါ...မကျေနပ်ရင်အာဘွားပေး
ချော့မယ်လေကိုယ်က"ဂျီဟွန်းပြောနေရင်းနဲ့ပဲဟျွန်းဆော့
မျက်နှာအနံ့အနမ်းတွေခြွေမိတော့
သည်...သူ့အတွက်တော့ဟျွန်းဆော့က
တစ်ရိပ်ရိပ်နဲ့အချစ်တိုးစေတဲ့အချစ်
တက်ဆေးလေးပင်ဖြစ်သည်...
YOU ARE READING
ဟိုဘက်အိမ် ဒီဘက်အိမ်
RomanceJihoon-ဟိုဘက်အိမ်ကကောင်အသံ ကြောင့်အိပ်လို့ကိုမရဘူး Hyunsuk-ဟိုဘက်အိမ်ကကောင် ရုပ်ကိုမြင်ကိုမမြင်ချင်ဘူး