Part-5

267 41 6
                                    

ကျောင်းပိတ်ရက်မို့ဟျွန်းဆော့
အိမ်မှာတစ်ယောက်သူ့ပန်းပင်
တွေကိုဂရုစိုက်ပေးနေသည်...

"ပါး...ပါး"

"ဘာလဲဟျွန်းဆော့ပါးပါးကိုအလုပ်
နားရက်မှာ​တော့ကောင်းကောင်း
ပေးနားနော်ဘာပူဆာမလို့လဲ"

"ဘာမှမပူဆာပါဘူး
လမ်းထိပ်ကိုပန်းပင်သွားဝယ်မလို့
မားပြန်လာရင်ပြောပေးထားအုံးနော်"

"အင်း..သွားလေပါးပါးပြောပေး
ထားမယ်"

"သွားပြီ....ပါး"

ဟျွန်းဆော့စက်ဘီးစီးပြီး
လမ်းထိပ်ကပန်းဆိုင်လေးစီ
ထွက်လာခဲ့သည်...

"ဟေးးး...ဟေ့..."

ဂျီဟွန်းတို့အိမ်ရှေ့ကဖြတ်တော့
လှမ်းခေါ်သံကြားပေမဲ့ဟျွန်းဆော့
မကြားချင်ယောင်ဆောင်လိုက်သည်

"ကျွီ..."

ရုတ်တရက်စက်ဘီးရှေ့ပေါ်လာတဲ့
ဂျီဟွန်းကြောင့်ဟျွန်းဆော့အမြန်
ဘရိတ်အုပ်လိုက်မိသည်...

"မင်း...သေချင်နေတာလား"

"စက်ဘီးတိုက်ရုံတော့မသေပါဘူး
အခုဘယ်သွားမလို့လဲ"

"ပန်းပင်သွားကြည့်မလို့...
ဘာ!!!ဘာလို့ပြောရမှာလဲ
မင်းနဲ့ငါသိလို့လား"

"မင်းကလဲငါဟိုနေ့ကပြောတာက
အာချောင်တာငါတို့ကအိမ်နီးချင်း
တွေပဲလေသိတာပေါ့"

"....."

အမျိုးမျိုးပြောနိုင်တဲ့ဂျီဟွန်းကို
ဟျွန်းဆော့အံ့သြမိသည်

"ကဲပါငါမင်းနဲ့လမ်းကြုံလိုက်
မလို့ငါတင်နင်းမှာပါ"

"မရဘူးဖယ်.."

"ဘာမရတာလဲငါပါးပါးချွဲနဲ့သွား
တိုင်မှာနော်မင်းငါ့ကိုအနိုင်ကျင့်
တယ်ဆိုပြီး"

"မင်း...ဟူးးး...ရော့မင်းနင်း"

"ဟီးးးဒါမှပေါ့တက်တက်ငါ
နင်းမယ်"

ဟျွန်းဆော့စက်ဘီးနောက်ဝင်ထိုင်
လိုက်သည်

"ငါ့ကိုဖတ်ထားလေပြုတ်ကျနေရင်
မားမားချွဲကငါ့ကိုဆူနေမယ်"

"တော်ပြီဘာမှပြုတ်မကျဘူး"

"မင်းမဖက်ရင်ငါမစီးဘူး
ဒီနားကရွေ့ဖို့စိတ်မကူးနဲ့"

ဟိုဘက်အိမ် ဒီဘက်အိမ်Where stories live. Discover now