Episode 3

211 27 0
                                    

Han Zhuoyu ရေချိုးပြီး ချွေးစိုနေတဲ့အဝတ်တွေကိုလဲကာ သူ့ရဲ့နူးညံ့တဲ့ဆံပင်တွေကို သေချာဖြီးနေတယ်။ အဲ့ဒီနောက် ဘာမှမဖြစ်ခဲ့သလို ဂိမ်းကိုဆက်ဆော့နေတယ်။

[ ဒီ system ရဲ့ host ဖြစ်ဖို့ ထိုက်တန်ချက်ပဲ။ အခုလိုထူးဆန်းတာ ကြုံနေရတာတောင် ပြီးပြည့်စုံစွာပဲ သူ့ရဲ့ တည်ငြိမ်မှုကို ထိန်းထားနိုင်တယ်။Like အကြီးကြီးပေးလိုက်ပြီ။ ]

အချိန်အတော်ကြာ တိတ်တဆိတ်နေပြီးနောက် 9527 ကရုတ်တရက် မြူးထူးစွာ ပြောလိုက်တယ်။

Han Zhuoyu ရဲ့ လက်ဖျားတွေက မောက်စ့်ကို နှိပ်ရင်း တုန်လာတယ်။

အဲ့ဒီအချိန်မှာ ကွန်ပြူတာဘေးမှာရှိတဲ့ နာရီက 6:30 ကိုရောက်သွားတာနဲ့ တီ..တီ.. ဆိုပြီးအသံမြည်လာတယ်။

" ညစာစားချိန်ရောက်ပြီ။"

ကောင်လေးက သူ့ကိုယ်သူပြောရင်း ကွန်ပြူတာကို ပိတ်လိုက်တယ်။

[ ဒါပေါ့။ ညနေ 6 နာရီနဲ့ 7 ဆိုတာ ညစာစားဖို့အကောင်းဆုံးအချိန်ပဲ။ ဒီတော့ 9527 ကနေ့တိုင်း host ကို အဲ့အချိန်ရောက်ရင် သတိပေးပါ့မယ်။ ]

မရင့်ကျက်တဲ့ စက်ရုပ်အသံက မျက်နှာချိုသွေးလိုက်တယ်။

Han Zhuoyu ခဏလောက် ရပ်သွားတယ်။ သူကသူ့ကိုယ်သူ စကားပြောနေကြ ဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ သူနဲ့တူတူစကားပြောပေးတဲ့အသံကို ကြားလိုက်ရတော့ သူထင်သလောက် သိပ်မဆိုးပါဖူးလို့ တွေးလိုက်တယ်။ ဒီအသံက သူ့ရဲ့ကမ္ဘာလေးထဲ ကိုထူးဆန်းတဲ့နည်းနဲ့ဝင်လာပြီး သူရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။

သူကတည်ငြိမ်စွာ လမ်းဆက်လျှောက်ပြီး အခန်းတံခါးကိုဖွင့်ကာ စင်္ကြံတစ်လျှောက်လမ်းလျှောက်ပြီး လှေကားပေါ်ကဆင်းကာ အရသာရှိတဲ့စားစရာအပြည့်ခင်းထားတဲ့ ထမင်းစားခန်းထဲကို ဝင်လာတယ်။

Han Zhuoyu ရဲ့ အဖေ An Guoren၊ မိထွေး Lei Lizhen နဲ့ အဖေတူအမေကွဲညီ An Minghuai တို့က ညစာကိုစားနှင့်နေတာ တစ်ဝက်တောင်ကျိုးနေပြီဖြစ်တယ်။ ဘယ်သူကမှ ဒီကောင်လေးကို ညစာစားဖို့ မခေါ်ကြသလို သူ့ရဲ့ ကိစ္စကိုလဲ ဂရုစိုက်ပေးခြင်းမရှိကြပါဖူး။

အားလုံးက Han Zhouyu ကိုချစ်ကြတယ်။Where stories live. Discover now