Episode 9

184 25 0
                                    

Han Zhuoyu ကအိမ်ပြန်ရောက်ပြီးတော့ အဲ့ညမှာ ကောင်းကောင်းအိပ်မပျော်ဖူး။ သူ့အိမ်မက်ထဲမှာ သူ့ဗိုက်ကဖောင်းလာပြီး ကလေးလေးတစ်ယောက်က သူ့ခြေထောက်ကြားထဲက ထွက်လာတယ်ဆိုပြီး မက်နေတယ်။

သူ ချွေးအေးတွေထွက်ပြီး အိပ်ရာကလန့်နိုးလာပြီး လက်ကောက်ဝတ်က နာရီကိုကြည့်လိုက်တော့ ငါးနာရီခွဲဖြစ်နေတယ်။

9527 ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံပါပဲ။

ဆယ်ကျော်သက်လေးက စောင်ကိုမပြီး အိပ်ရာကထလိုက်ကာ အဝတ်ဗီဒိုကို ဖွင့်ပြီး အားကစားဝတ်စုံလဲလိုက်ကာ ပြေးဖို့ ထွက်သွားတယ်။ အခုဆိုရင် သူက 9527 ရဲ့ညွှန်ကြားမှုတောင်မလိုတော့ဘဲ သူ့ဘာသာ မနက်တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်တဲ့ အကျင့်ရလာပြီး သူ့နားမှာ လူတွေ ဖြတ်သွားရင်လည်း စိတ်မလှုပ်ရှားတော့ပေ။

ဒီနေ့မနက်ခင်းပြေးတာက တော်တော်လွယ်ကူအေးဆေးနေတယ်။ သူဆယ်ပတ်ခန့် ပြေးပြီးတာတောင် အသက်ရှူနှုန်းကပုံမှန်ဖြစ်နေပြီး ချွေးတစ်စက်တောင်မထွက်ပေ။ သူအဲ့တာကို ကြည့်လိုက်တော့ သူ့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ဆက်စပ်နေမယ်လို့ မှတ်လိုက်တယ်။

သူကနောက်ထပ် ငါးပတ်ထပ်ပြေးလိုက်တော့ အသက်ရှုနှုန်းမြန်လာပြီး ချွေးပါးပါးလေးတွေ ထွက်လာတဲ့အတွက် လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်တယ်။

သစ်ပင်တွေ ဘေးနှစ်ဖက်မှာ စီတန်းရှိနေတဲ့ လမ်းကနေ အိမ်ကိုပြန်နေတုန်း အဘွား Zhou က ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီးပြန်လာတာကို တွေ့လိုက်တယ်။ သူက အဘွားရဲ့ ခြင်းတောင်းအကြီးကြီးကို ပုံမှန်အတိုင်းပဲ သယ်ပေးပြီး မင်္ဂလာနံနက်ခင်းပါ ဆိုပြီး အသံတိုးတိုးလေးနဲ့ နှုတ်ဆက်လိုက်တယ်။

အဘွား Zhou ကကောင်လေးကို မြင်တော့ ပြုံးပြလိုက်ပြီး သူမကသူ့လက်ကို ကိုင်ထားကာ သူမလတ်တလောကြုံရတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို ပြောပြနေတယ်။ ကောင်လေးက တုံ့ပြန်ပြောတာမရှိပေမယ့် သူမပြောတာကို သေချာစိတ်ဝင်တစား နားထောင်ပေးပုံက သူမစိတ်ထဲ သဘောကျစေတယ်။

အားလုံးက Han Zhouyu ကိုချစ်ကြတယ်။Onde histórias criam vida. Descubra agora