Episode 21

171 26 2
                                    

Shi Lei က ညလယ်လောက်မှာ ပြန်ရောက်လာပြီး သူရောက်လာတာနဲ့ အိပ်ပျော်နေတဲ့ ဖက်ထုပ်လုံးလေးက ချက်ချင်းနိုးလာပြီး သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတယ်။

Shi Lei က အသက်မဲ့နေတဲ့ အကြည့်ကြောင့် အံ့အားသင့်နေပြီး သူ့လက်မောင်းပေါ်မှာ ကြက်သီးတွေ ထလာတဲ့အတွက် ပွတ်လိုက်ကာ သူ့သူငယ်ချင်းကို အချက်ပြလိုက်တယ်။

အိပ်ရာမဝင်ခင်မှာတော့ လူအကြီးကြီးနဲ့ သေးသေးလေးတို့က ခပ်ခွါခွါရှိနေကြတယ်။ မနက်ခင်းနေရောင်ခြည်က အခန်းထဲကို ဖြာဝင်လာတဲ့ အချိန်မှာတော့ ဖက်ထုပ်လုံးလေးက ကောင်လေးရဲ့ လက်မောင်းတွေကြားထဲကို လှိမ့်ဝင်နေကာ သူ့လက်သေးသေးလေးတွေက ကောင်လေးရဲ့ ရှပ်အင်္ကျီကို ဆုပ်ကိုင်ထားတယ်။

မနက်ငါးခွဲက မနက်ခင်းလေ့ကျင့်ခန်းလုပ်မယ့်အချိန်ဖြစ်ပြီး ကောင်လေးက သူ့ရဲ့ဇီဝနာရီအရ မျက်လုံးတွေ ပွင့်လာပြီး သူ့ခေါင်းက နည်းနည်းလှုပ်တာနဲ့ ဖက်ထုပ်လုံးလေးကပါ နိုးလာတယ်။

မနေ့ညက Shi Lei က တကိုယ်ရည်သုံးပစ္စည်းတွေ လာပို့ပေးတယ်။ ကောင်လေးက သူ့ဘာသာသူ ဆေးကြောသန့်စင်ပြီး ဖက်ထုပ်လုံးလေးရဲ့ မျက်နှာနဲ့လက်တွေကို ပွတ်ပေးကာ သွားတိုက်ဆေးညှစ်ပေးပြီး သူ့ဘာသာသွားတိုက်ဖို့ ညွှန်ပြလိုက်တယ်။ ဖက်ထုပ်လုံးလေးက သွားတိုက်တံကို စူးစမ်းတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေတယ်။ အချိန်အတော်ကြာတော့ သူကမော့ကြည့်လိုက်ပြီး သူ့ပါးစပ်ကိုဟပြကာ သွားဖြူဖြူလေးတွေကို ပြလိုက်တယ်။

[ သူက host ကို သွားကူတိုက်ပေးစေချင်နေတာ။ သူက လေးနှစ်တောင်ရှိနေပြီကို ဘာလို့ အခြေခံကျတဲ့ နေထိုင်မှုအကျင့်စရိုက်တွေတောင် မရှိရတာလဲ။ ]

9527 က မိဘအုပ်ထိန်းမှုကွန်ရက်တွေကို ဝင်ကြည့်ရင်း နာကျင်စွာ ပြောလိုက်တယ်။

[ Host ကျွန်တော်တို့ မှားသွားတာ။ လှုံ့ဆော်ခံလိုက်ရလို့ သူဘာလုပ်ရမှန်းမသိတာ မဟုတ်ဖူး။ သူက host လိုပဲ autism ရှိနေတာ။ သူ့ရဲ့ ဘာကိုမှ စိတ်မဝင်စားတဲ့ မျက်လုံးတွေနဲ့ သံပတ်ပေးထားသလို လှုပ်ရှားမှုတွေက အရင်က host နဲ့ တစ်ပုံစံတည်းပဲ။ ဒီလက္ခဏာတွေက host ထက်တောင် ပိုအခြေအနေဆိုးနေတယ်။ အခြေခံကျတဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်စွမ်းတောင် မရှိဖူး။ ]

အားလုံးက Han Zhouyu ကိုချစ်ကြတယ်။Where stories live. Discover now