အကျဥ်းချုပ်(Description)

9.7K 279 13
                                    

Arok သည် ဂုဏ်သိက္ခာရှိသော မြင့်မြတ်သောမိသားစုမှဆင်းသက်လာပြီး အထက်လူတန်းစားမျိုးရိုးနောက်ခံရှိသည့် လူကုန်ထံသခင်လေး တစ်ယောက်ပင် ဖြစ်ပေသည်။ ဒီလိုနဲ့ ကိုယ်နဲ့တူရာကိုကျော်ပြီး စူးစမ်းချင်တတ်တဲ့သဘာဝအလျောက် ပါတီတစ်ခုကို တက်ရာကနေ အလတ်တန်းလူတန်းစား Klopp ကိုမှ ကြုံဆုံတွေ့မြင်ချင်းပင် ချစ်မိသွားပါတော့တယ်။

Arok က သူ့ဂုဏ်ပကာသနတွေကိုတောင် ခဝါချပြီး အယ်လ်ဖာ-အယ်ဖာချင်းဖြစ်တောင်မှပဲဆိုပြီး အလွန်ဆုံးအခြေအနေကိုတောင် လျစ်လျူရှုပြီး Klopp ကို ချဥ်းကပ်ပါတော့တယ်။ Kloppကတော့Arokရဲ့ဖြစ်တည်မှုကိုတောင် မသိသဖွယ်နဲ့ နောက်ထပ် အိုမီဂါတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတော့တယ်။

ဆာလောင်မွတ်သိပ်ချိန် မိမိမျက်ကွယ်ရှေ့မှာ ရွှမ်းရွှမ်းတောက်နေတဲ့ သစ်သီးကြီးတစ်လုံးလုံး ရှိနေပါလျက်နဲ့ အပင်ကမြင့်နေလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုကြောင့် မစားလိုက်ရရင် မည်မျှပင် ခံပြင်းမည်နည်း။ ဒီလိုပဲ Arokကလည်း စည်းစိမ်ဥစ္စာတွေကိုတောင် သူမျက်ကွယ်ပြုပြီး ရွေးချယ်ခဲ့တဲ့လူကို တစ်ပါးသူက လွယ်လင့်တကူ ပိုင်ဆိုင်လိုက်ရတာသိတဲ့အခါ မနာလိုစိတ်ဖြင့် "အချစ်ကြောင့်မျက်ကန်းဖြစ်ရ"ဆိုသလို အိုမီဂါလေးကို သေကြောင်းကြံပါတော့တယ်။တစ်ပြိုင်နက်တည်းမှာပဲ အိုမီဂါမှာ ကိုယ်ဝန်ရှိနေတော့ ကလေးပါပျက်ကျပြီး သေသွားတော့တာပေါ့။ဒီလိုနဲ့ ဆိုး ရွားသောရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တဲ့အတွက် Kloppတစ်ယောက် ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရတဲ့အခါမှာ Arokကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပါတော့တယ်။

"ငါ မင်းကို အရမ်းမုန်းတယ်။ မင်းငါ့ကိုစိတ်ကုန်စေတယ်။ မင်းလုပ်ရပ်က မင်းအပေါ်မှာ တန်ပြန်ကျရောက်လိမ့်မယ်"

Arok က ရုန်းကန်ပြီး ခုခံလို့ရပါလျက်နဲ့ မြတ်နိုးရတဲ့လူဆိုတဲ့စိတ်၊သူအာဃာတကြောင့် အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ နောင်တစိတ်နဲ့ ဖြည်းညှင်းသည်းခံလေခဲ့တယ်...

အရာရာကို ပြန်ပြောင်းလဲနိုင်ခဲ့ရင် ငါတို့နှစ်ယောက်ကြားမှာ ထိုနည်းတူ ပြောင်းလဲသွားမှာလား

Arok;"တစ်နေ့ငါပြန်မွေးဖွားလာခဲ့ရင် မင်းချစ်သူရဲ့ဆံမျှင်တစ်ချောင်းထိပါးဖို့နေနေသာသာ အနားတောင် မကပ်တော့ပါဘူး။"

Arokသည် ဒီကတိကိုပေးပြီးနောက် ကြာလျောင်းစွာ အိပ်စက်လိုက်သည်(သေဆုံး😭)။ ဒါတွေအားလုံးက ရက်စက်ကြမ်းကြုတ်တဲ့ရယ်စရာအိမ်မက် တစ်ခုလိုပါပဲ၊ ထို့နောက် ဒုတိယဘဝကိုရရှိခဲ့တယ်။

"ဘဝဟာ ​နောက်​တစ်​ကြိမ်​ ​ကောင်းချီး​ပေးနိုင်​မလားငါတို့ကို အလင်းဆီရော တဖန်ပို့ဆောင်ပေးမှာလား။ အဲဒီ အာရဇ်ပင်တွေအောက်မှာရော သူ့ကို ပြန်တွေ့နိုင်ဦးတော့မှာလား။
                                                    
    
                                                        XXX

PS:ဒါလေးကို အားလုံးသိကြပြီးဖြစ်မှာပါ ရှယ်လောင်ပြီး r*peတွေပါ ပါပါတယ် နောက်အပိုင်းမှာ CH1မသွားခင် အတိုချုပ်ရှင်းပြပါဦးမယ် ဒီpartက novel ရဲ့ description ကိုပြန်ပေးထားတာပါ။

Original author:Winterbaum
Translator -Elisa

*Any feedbacks or  compliments are welcome 🤗.Thank you.❣️



*Into the Rose Garden *🌹 (ခယောင်းလမ်း၏စေခင်းရာ)Donde viven las historias. Descúbrelo ahora