Arokတစ် ယောက် သူ့ဆီကရလိုမှုနဲ့ စကားမာယာတွေသုံးကာ ကြိုးပမ်းနေကြသောလူများကို အတွင်းစိတ်မှာလှောင်ရယ်မိပါလေ~၊လောကကြီးမှာ ငွေဆိုတဲ့အရာထက် အဆများစွာအရေးကြီးတာတွေ ရှိပါတကား။အခုအချိန် သူ့ရှေ့မှာရပ်ပြီး မူယာမာယာ၊ရင်ခုန်မည်အထင် မှင်သက်စေမဲ့ အလကားတွေ ပြောနေသူများဟာ တစ်ချိန်မှာ မိမိကိုယ်ပင် ရောင်းစားဖို့ဝန်လေးမည် မဟုတ်ပေ။Arokက ဒါတွေကို တစ်ဖဝါးမှ စိတ်မဝင်စားတဲ့အပြင် ယမံနှစ်တွေက ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူရဲ့ ဆန္ဒအတွက်သာ ရွှင်ပျစွာပြုံးမော်ပြရန် ရှိပေတော့သည်။
ဆူညံ့ရှုပ်ထွေးလှတဲ့ tea party ဟာအစောပိုင်းတည်းက ပျော် ရွှင်ငြိမ့်ညောင်းဖွယ် မကောင်းခဲ့လှပါဘူး၊ဒါကြောင့် သူ့ကိုတာဝန်ကနေ လွတ်ကင်းပြေးမြောက်လိုစိတ် ဖြစ်စေခဲ့ပါတယ်၊ထို့ကြောင့် Arokဟာ သူ့မှာမရှိတဲ့ဝမ်းကွဲမောင်နှမကို ဆင်ခြေဖန်ပြီး လူတွေရှေ့မှောက်မှပျောက်ကွယ်ကာ နှင်းဆီနံ့တွေထူထပ်အုံ့မှိုင်းနေတဲ့ ဥယျာဥ်တော် ထဲမှ လွတ်မြောက်ခဲ့ပါပြီ။ အိမ်တော်မှာ နှစ်ပေါင်းများစွာခစားနေထိုင်ဖူးတဲ့လူတွေသာ သိနိုင်တဲ့ သူ၏အနှစ်သက်တန်ဖိုးထားရဆုံး အာရဇ်ပင်များဆီသို့ ဦးတည်သွားခဲ့ပါတေ့ာသည်။
အပင်ကြီးတွေဟာ နှစ်ထောင်ချီကျော် ကြာမြင့်နေပုံထောက်ပြီး စီတန်းကာ ကောင်းကင်တက်ရာလမ်းဟုပင် ခေါဆိုနိုင်အောင် မြင့်မားလှပေသည်၊ (သစ်မွှေးနံ့တစ်ဖြိုင်းဖြိုင်းတောက်လောင်နေကာ သဘာဝ၏အလှတရားကို တင့်တယ်လှပါသည်ဆိုသည့် ဝန်ကြီး/အမတ်အိမ်မကလို့ ဘုရင့်အိမ်တော်တောင် မယှဥ် နိုင်လောက်ပေ။)ထိုအာရဇ်ပင်ကြီးများဟာ ယခုအိမ်တော်ကြီးကိုတည်ထောင်ခဲ့တဲ့ ရှေးယခင်ပထမဦးဆုံးသော ဝန်ကြီးချုပ်အိမ်တော်မှ စိုက်ပျိုးထားခဲ့တာဖြစ်တယ်။ရှေးဦးပိုင်းမှာ ဤသို့မကြီးမားခဲ့သော်လည်း သာမာန်မိသားစုလေးမှအစပျိုးခဲ့တဲ့အမတ်အိမ်တော်လည်း ယခုအခါ တော်ဝင်မျိုးနွယ်များနှင့် ရင်ဘောင်တန်းလာနိုင်တာနှင့်အမျှ နှစ်တွေဟာလည်း အတန့်ကိုမှကြာညောင်းလှခဲ့ရာတွင် "လှမ်း၍မမှီ မျှော်၍လည်းမား"အဆင့်သို့ ရောက်ရှိလာတာ ဖြစ်သည်။
VOUS LISEZ
*Into the Rose Garden *🌹 (ခယောင်းလမ်း၏စေခင်းရာ)
Fantasyရှယ်လောင်ရမဲ့ ficပါနော် နောက်မှ အသေးစိတ်လာထည့်ပေးပါ့မယ် Zawgyiနဲ့သူလေးတွေ comment or message boxမှာဖြစ်ဖြစ် tele link လာတောင်းနိုင်ပါတယ်နော် ဒီမှာlinkထည့်ပေးလို့ မရလို့ပါ