(🆉)
အလုပ်ကိစ္စအောင်မြင်ပြီးတဲ့နောက်မှာတော့ ဂျောင်ကုသည် အမိမြေ သူ့အပိုင်ကြင်သူရှိရာသို့ပြန်လာနိုင်ပြီဖြစ်သည် ။
ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်အတွင်း လေယဉ်စိုက်ရောက်တာနဲ့ ရင်ထဲတစ်ခုခုခံစားရသည် ။သူ့အသဲပေါက်ကိုတွေ့ရတော့မှာမလို့ ရင်ခုန်စိတ်လှုပ်ရှားရမဲ့အစား အဘယ်ကြောင့် ရင်လေးနေတဲ့ခံစားချက်ကြီးက ဝင်ရောက်လာသနည်း...။
လေယာဉ်ပေါ်ကဆင်းပြီး ကောင်တာတွေဘက်ရောက်လာတဲ့အချိန်မှာ မူမမှန်တာခံစားမိလိုက်သည် ။
ဆောင်းလာတဲ့ဦးထုတ်အနက်ကို အောက်ကိုပိုဆွဲချလိုက်ပြီး သတိကပ်လိုက်သည် ။
အဘယ့်ကြောင့်ဆိုသော် နေရာအနံ့မှာ တရားခံကိုရှာနေပုံရတဲ့ ရဲတွေကြောင့် ။
ထိုအချိန်လေးမှာပင် ဖုန်းမြည်လာတာကြောင့် ကောက်ကိုင်လိုက်တော့ ဖုန်းဆက်သူမှာ သူနဲ့တစ်ဝက်ယူရမဲ့ ဂိုဏ်းခေါင်းဆောင်...
"ပြော"
"ပြဿနာတော့တက်ပြီ အခု မင်းဆင်းတဲ့ လေယဉ်ကွင်းမှာပဲ ရဲတွေက မင်းကိုလိုက်ရှာနေကြတာ ဘယ်သူကသတင်းပေးလိုက်မှန်းမသိပေမဲ့ ငါတို့ဂိုဏ်းကလူတစ်ချို့ကိုပါ ဖမ်းလိုက်ကြပြီ သူတို့ Red Diamond ကိစ္စကိုသိနေတာဖြစ်မယ် အတတ်နိုင်ဆုံးကူညီပေးမှာမလို့ သေချာဂရုစိုက်ပါ DiaJack ငါ့လူတွေပါ ကူညီဖို့လာနေပြီ "
ဆက်တိုက်ပြောလာတဲ့စကားတွေကို မူမပျက်သာ နားထောင်ပြီး အခြေနေကို အကဲခတ်နေမိသည် ။
"အကူညီမလိုတာမလို့ ခင်ဗျား လူတွေမလွှတ်လည်း ဖြစ်တယ် မဟုတ်ရင် ခင်ဗျားလူတွေပါ မိသွားနိုင်တာမလို့ လူမလွှတ်နဲ့တော့ ကျုပ်ဆိုတဲ့ကောင်က တစ်ယောက်တည်း လှုပ်ရှားရတာပဲကြိုက်တယ်...ခင်ဗျားသာ သတိနဲ့နေပါ ဒါပဲ"
ပြောပြီးတာနဲ့ ဖုန်းကိုချကာ သူ့နားကပ်က ဆွယ်သွယ်ရေးကိရိယာကို ဖွင့်လိုက်သည် ။
"ဂျွန်ယောင်း အခုချက်ချင်း Computer အခန်းကိုသွား ပြီးရင် ရဲတွေရဲ့ လှုပ်ရှားမှုကိုကြည့်ထား "
"Akira ?"
"Yes Jack Akiraနားထောင်နေပါတယ်"
"အခုချက်ချင်း ငါရှိတဲ့နေရာကိုလာခဲ့ Taxi နဲ့လာခဲ့မှာမလို့ တစ်နေရာရာမှာ တွေ့မယ်"

YOU ARE READING
Criminal Family I{Completed}
FanfictionJeon Jungkook & Kim Taehyung Th- You! Liar You! murderer Jk-I'm sorry Bae I Love you so much 4th Fiction #CrdForAllPictures #Taeyu9597 Warning- Male Prg and mature content OwnCreation 💫