Epi-5

4.2K 246 22
                                    

(🆉)

Contain 🔞👈🏻👶🏻🧒🏻👀🙅🏻🧏🏻‍♀️

"အဲ့တော့ သူငယ်ချင်3းယောက် ရလာတယ်ပေါ့ "

"ဟုတ်တယ် သိလား?ဂျောင်ကု အရမ်းပျော်စရာကောင်းတယ် ခင်ဖို့လည်းကောင်းတယ် သူတို့က ထယ့်ကိုခင်ကြတယ်"

"အွန်းပါ နောက်နေ့ကြရင် ကိုယ့်ကို မိတ်ဆက်ပေးနော် "

"ဟုတ် မိတ်ဆက်ပေးမှာပေါ့"

သူငယ်ချင်းအသစ်ရလို့ တော်တော်လေးပျော်နေပုံရသည် ။ စကားပြောတာတောင် တက်ကြွလို့ ။

ကျောင်းက အပြန် Pizzaစားချင်လို့ဆိုကာ ပူဆာတာမလို့ ဆိုင်ထဲဝင်ကာ စားနေကြခြင်းဖြစ်တယ် ။

Pizzaကိုတစ်မြုံ့မြုံ့စားရင်း ကျောင်းမှာဘာလုပ်ခဲ့တယ် ဘာညာ အကုန် အားကြိုးမာန်တက်ရှင်းပြ​နေတဲ့ ထယ် ။

ပါးစပ်ကလည်း ပေပွလို့ Colaကိုလည်း သောက်လိုက်သေး ။

"လာ ဒီနား..."

ပေနေတဲ့ အနှစ်တွေကို လက်မနဲ့သုတ်ပေးလိုက်ပြီး ပါးစပ်နဲ့ စုပ်လိုက်သည်...။

ဒါက ထယ့်အတွက် အထူးအဆန်းမဟုတ်တော့ ဂျောင်ကုက အဖေတစ်ယောက်လိုမျိုး ဂရုစိုက်ပေးတာ မရွံမရှာပေါ့ ။

ကျွန်တော်တော့ ယောကျာ်းရကံကောင်းတယ် မေမေရေ...

အမှန်တော့ ဂျောင်ကုအကုန်လုံးသိပြီးသားပါ ထယ့်ဘေးမှာ ဘယ်လိုကောင်တွေကပ်နေလဲ ဘယ်လိုသူငယ်ချင်းကောင်းတွေ ကပ်နေလဲဆိုတာပေါ့ ။

ထယ့်အတွက် လွယ်အိတ်တွေ စာအုပ်တွေစတဲ့ ကိရိယာတွေကို သူကိုယ်တိုင်သေသေချာချာလိုက်ထည့်ပေးနေတာ အလကားမှမဟုတ်တာ...

ထယ့်ကိုယ်ပေါ်က ဆွဲကြိုးတွေ လက်ထပ်လက်စွပ်တွေကလည်း သူကိုယ်တိုင်ပဲ စီစဉ်ပေးထားတာ လက်စွပ်က ထယ်ကိုယ်တိုင်ရွေးထားပေးပေမဲ့ ကျန်တာက ​ဂျောင်ကုပဲအကုန်လုပ်ပေးတာလေ ဆွဲကြိုးကတော့ သူထယ့်မွေးနေ့တုန်းက လက်ဆောင်ပေးထားတဲ့ဟာလေး...

ပြောရမယ်ဆို ထယ့်ရဲ့ပစ္စည်းတော်တော်များများဟာ ကျွန်​တော့်လက်ရာနဲ့မကင်းဘူးပေါ့...

"တခြားစားချင်တာရှိသေးလား?"

ဆံပင်လေးကို သပ်တင်ပြီးမေးတော့ ခေါင်းခါကာ

Criminal Family I{Completed}Where stories live. Discover now