Epi-11

3.8K 198 29
                                    

(🆉)

မနက်အလင်းရောင်ဝင်စပြုတာနဲ့ အကျင့်ဖြစ်နေသော မျက်လုံးက ပွင့်ဟလာခဲ့သည် ။

သူ့ကိုယ်လုံးပေါ် တက်ဖိအိပ်နေသော ထယ့်ကိုတစ်ချက်ကြည့်ပြီး ပြုံးလိုက်ကာ မနက်ခင်းအနမ်းလေးက နဖူးပြင်ပေါ်ကျီစယ်၏။

လုံးအိအိ ကိုယ်လေးကိုအသာပွေ့ကာ အိပ်ရာထက် အသာချ၍ စောင်သေချာခြုံပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်လာခဲ့သည်...။

ဒီနေ့က တစ်ပါးသောနိုင်ငံကိုသွားပြီး ပစ္စည်းသွားယူရမဲ့နေ့

ရှက်ပျာပျာအသဲပေါက်ကို စိတ်မချသော်လည်း သူနဲ့လိုက်ခဲ့ရင် အန္တာရယ်ပိုများတာမလို့ လုံခြုံရတဲ့ အိမ်ကြီးမှာသာ ထားခဲ့သည်...။

ကိုယ်လက်သန့်စင်ပြီးပြန်ထွက်လာတဲ့အထိ ကျွန်​​တော့်အသဲပေါက်က​လေး အိပ်မောကျတုန်း...

စောင်အပေါ်ကနေ လုံးနေပြီဖြစ်သော ဗိုက်သားပြင်ပေါ် အကြာကြီး ဖိကပ်နမ်းလိုက်ကာ အိပ်နေရင်း ထော်နေတဲ့ နုတ်ခမ်းလေးကို ခပ်ဖွဖွငုံလိုက်သည်...။

နှိုးလိုက်ရင် ဝမ်းနည်းကာ ငိုတော့မည့် အကြောင်းကိုသိတာကြောင့် မျက်နှာနုနုလေးကိုပဲ နှလုံးသားထဲမှာ မှတ်ထားလိုက်သည် ။

သို့ပေမဲ့ အိပ်ရေးဆက်တဲ့ထယ်ဟာ သူနမ်းလိုက်တာကြောင့် နိုးလာပြီး သူ့ကိုအိပ်ချင်မူးတူးနဲ့ကြည့်သည် ။

နောက်မှ သတိရသွားဟန် မျက်လုံးကိုပွတ်ကာ ရှိုက်သံလေးနှင့် မျက်ရည်ပေါက်လေးတွေ စီးကျလာရော...

"ဘေဘီ ငိုနေရင် ကိုယ်သွားရတာ စိတ်ဖြောင့်မှာမဟုတ်ဘူးနော်"

"ဟင့် အင့် ထယ် ဂျောင်ကုကိုအရမ်းချစ်နေတာထင်တယ်"

"ဘာလို့လဲ.?"

"ဂျောင်ကုနဲ့ ခဏလေးတောင် မခွဲနိုင်ဘူး"

ကိုယ်က မင်းထက်ပိုတာပေါ့ကွာလို့ စိတ်ထဲမှာ ကြုံးဝါးပေမဲ့ အပြင်မှာတော့ မပြောဖြစ်လိုက်...

"ကိုယ်လည်း ဘယ်ခွဲချင်ပါ့မလဲ အူကြူးရာ အမြန်ဆုံးပြန်လာခဲ့မယ်နော်..."

"အွန်း အဲ့က မုန့်တွေကော ဝယ်ခဲ့​နော် ထယ့်ကိုလည်းသတိရနော် အင့် ဖုန်းလည်းဆက်နော် ရွှတ်"

Criminal Family I{Completed}Where stories live. Discover now