Episode 2

219 13 0
                                    

မွေးရပ်မြေကို ပြန်တဲ့သ‌င်္ဘောပေါ်တွင်
ပေါ်တွင်ယင်ဟွား ကျန့်အာလက်ကို တင်းတင်းဆုပ်ကာ ပင်လယ်လေကိုခံစားနေမိသည်။ဒါဟာ အကုန်လုံးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်မည်ထင်သည်။သူမရှိနေလျှင် သေချာပေါက် ကျင်းရန် အတွက်အခက်ခဲဖြစ်နေမှာပင်။ဒါ့အပြင် သူမကိုယ်တိုင်လည်း ၀မ်အိမ်တော်ရဲ့ သခင်မအဖြစ်ဆက်မနေလိုတော့ပါ။ဘယ်သွားသွား မိမိကို စောင့်ကြည့်နေမည့်မျက်လုံးတွေ များလွန်းသည်။ရင်းနှီးရသော မိတ်ဆွေဟူ၍မရှိ။မိမိရှန်ဟိုင်းတွင် တွေ့ဆုံခဲ့ရသောမိတ်ဆွေများမှာ ခင်ပွန်းဖြစ်သူ၏ ဂုဏ်ရှိန်ကြောင့်သာ။စာတွေထဲမှာ ဖတ်ဖူးသလို မချစ်သင့်တဲ့သူကို ချစ်မိလျှင် အချစ်ဆိပ်သင့်သည်တဲ့။လွတ်လပ်စွာ နေလိုသော မိမိနှင့် ၀မ်စံအိမ်သခင်ဖြစ်သူ ရိကျိုးမှာ မလိုက်ဖက်ပါပေ။

:မား ပါး က ဘာဖြစ်လို့ ကျန့်အာတို့နဲ့လိုက်မလာတာလဲ။

:သား ပါးက အလုပ်တွေများနေတယ်လေ။နောက်တော့ လိုက်လာမှာပေါ့

;မား ကသားကို စနေတယ်။ပါးက ဟိုမယ်လေ

လှည့်အကြည့်ခိုက်တွင် ထိုသူက သူမဆီတဖြည်းဖြည်း လျှောက်လာသည်။ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေသည်အထိ အသက်ရှုသံများမြန်လာသည်။ကျန့်အာက အဖေဖြစ်သူဆီပြေးဖက်လိုက်သည်။ကျန့်အာကို ချီကာ သူမနား​ရောက်လာသည့်သူ

:ပါးက နောက်ကျမှလိုက်လာမယ်လို့ မားမားက သားကို စနေတာ

;ပါးက ဘယ်တုန်းကသားတို့နဲ့ ခွဲဖူးလို့လဲ။ပါးရဲ့သားကို မေးမယ်။ဖွားဖွားရှိတဲ့ဆီ ပြန်မလား။အိမ်ကိုပြန်မလား

;ကျန့်အာ နက်ဖြန် ရီလျန် မွေးနေ့ဖိတ်ထားတာ သွားချင်တယ်။စန်းကျီကိုလည်း စက်ဘီးစီးသင်ပေးမယ်
ပြောထားတယ်။အဲ့တာပြီးမှ ဖွားဖွားဆီသွားမယ်လေ

;ငါ့သား ပြောသလို ဖြစ်စေရမယ်

ခုတ်မောင်းလာသည့် သဘောင်္
က ဆိပ်ကမ်းကို ပြန်ဆိုက်ကာလာချိန် ဆိပ်ကမ်းရှိအလုပ်လုပ်နေသူ ခရီးသည်လိုက်ပို့သူတွေအံ့သြသွားရသည်။ခုန ၁နာရီမရှိသေးသောအချိန်ကမှထွက်ခွာသည်မဟုတ်လား။သဘော်ပေါ်မှ ဆင်းလာသော ၀မ်သခင်ကြီးကိုမြင်မှ သခင်ကြီး အရေးကြီးအစည်းေ၀းရှိသည်မို့ ဆိပ်ကမ်းပြန်ကပ်လာသည်ထင်သည်။လူရှေ့သိပ်မထွက်သော ၀မ်သခင်မလေးကို မမြင်ဖူးသူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်နေသလို သခင်ကြီးပွေ့ချီထားသည့် ချစ်စရာကလေးငယ်လေးကို လှမ်းကြည့်ကြသည်။

Don't Leave MeWhere stories live. Discover now