🫧 ဂျီဆောင်းလေးရဲ့ ငါးပေါင်မုန့်ကမ္ဘာ

802 86 7
                                    

သန်ဘက်ခါဆိုရင် ဂျီဆောင်းလေးမွေးနေ့ ။
ငါးနှစ်ပြည့် မွေးနေ့အတွက် ဘာလုပ်ချင်လဲလို့ မေးတုန်းက ဂျီဆောင်းလေးက ငါးပေါင်မုန့်ပါတီ လုပ်ချင်တယ်လို့ ပူဆာတာမို့ ဒယ်ဒီနဲ့ ပါပါးက ဒီရက်ပိုင်းအတွင်း အလုပ်တွေများအောင် ပွဲလေးကို စီစဉ်နေရတယ် ။

ဂျီဆောင်းလေးက ဒီမွေးနေ့ပြီးရင် မူလတန်း တက်ရတော့မှာ ။ မူကြိုကျောင်းက သူငယ်ချင်းတွေကို ဖိတ်ချင်တယ်လို့ တဂျီဂျီ ဂျီတိုက်ထားတော့လည်း ဖြစ်နိုင်သမျှအကုန် လုပ်ပေးချင်တဲ့ ဆန္ဒက အပြည့်မို့ ဂျဲနိုနဲ့ ဂျယ်မင်းက ဗျာတွေများ ။

" တကယ်ပဲ ငါးပေါင်မုန့်မှ ငါးပေါင်မုန့် "

ဂျဲနိုက ခေါင်းတခါခါ ရေရွတ်တယ် ။
ဂျယ်မင်းက ရယ်ပြီး ဂျဲနိုနဖူးမှာ သူ့နဖူးလေး သွားကပ်လို့ ရယ်မောနေရဲ့ ။ ခင်ပွန်းဖြစ်သူက သားပြောသမျှ အကုန် ဖြစ်အောင် လုပ်ပေးချင်တယ် ။ ပြီးရင် သက်ပြင်းတွေ ချလို့ မောနေမယ် ။ ဒါက ဂျယ်မင်း ရင်းနှီးပြီးသားပါပဲ ။

" ကိတ်က ဒုံးဟျော့ခ်ယူလာလိမ့်မယ် အဲ့နေ့ကျရင် ။ ဒယ်ဒီက သားသားနဲ့ ဆော့နေပေးရင်ပဲ ရပြီ ။ အဲ့မတိုင်ခင်ပဲ ပွဲကို ကောင်းကောင်းလေးဖြစ်အောင် လုပ်ကြတာပေါ့ ။ သားသားကြိုက်မှာပါ ။ ငါပြောရဲတယ် "

ဂျဲနိုက ဂျယ်မင်းကို အချစ်တွေအပြည့်နဲ့ ပြုံးပြလာတယ် ။ နူးနူးညံ့ညံ့နဲ့ အားပေးတတ်တဲ့စကားတွေကြောင့် ဂျဲနိုက ဂျယ်မင်းကို စပြီး ချစ်ခဲ့တာဆိုတာကိုလည်း သတိပြန်ရမိရောပဲ ။

" ကျေးဇူးပဲ ။ ငါ့မှာ မင်းသာမရှိရင် ငါကအမြဲတမ်း စိတ်တွေရှုပ်နေတော့မှာနဲ့တူတယ် "

" မင်းမှာ ငါသာမရှိရင် အီဂျီဆောင်းလေးလည်း ရှိလာမှာမဟုတ်တော့ဘူး သိရဲ့လား ။ ငါရော သားသားရော ရှိနေတာကို တခြားကြောင့် စိတ်တွေ မရှုပ်ရပါဘူး ။ ငါနဲ့ သားသားကပဲ မင်းရဲ့ အရှုပ်ထုပ်လေးတွေ လုပ်မှာ "

ဂျဲနိုက ရယ်ရပြန်တာပါပဲ ။ သားသားကဂျီကောင်လေးရယ် ၊ သူ့ပါပါး ကပ်ချွဲကောင်လေးရယ်ကို​ အလိုလိုက်နေရတာကပဲ သူ့နေ့ရက်တွေ ဖြစ်နေတော့တာ ။

home sweet home of JJJ famiLee ᥫ᭡ Where stories live. Discover now