🫧 ဂျီဆောင်းနဲ့ပါပါးက ဂျီဆောင်းနဲ့ပါပါးပါပဲ

1.2K 127 11
                                    

လူတစ်ယောက်က လူတစ်ယောက်အနား ဘယ်လောက်အထိ နေနိုင်သလဲ ။
ဒါတွေ ဂျယ်မင်းမသိဘူး ။ သူ့အနားမှာ အမြဲတမ်း ပူးတွဲပြီး ရှိနေခဲ့တဲ့ အဲ့ဒီလူက အခုတော့မရှိတော့ဘူး ။

သူ့အနားနားမှာ ကျန်နေခဲ့တာက အဲ့ဒီလူရဲ့ ကိုယ်ပွားကလေးပဲ ။ အီဂျီဆောင်းက သူ့ပါပါးကို ဖက်လာတယ် ။ ပါပါးငြိမ်သွားလို့ ထင်ရဲ့ ။

" သားသားငယ်ရယ် "

ဂျယ်မင်းက ငိုမချမိဖို့ အတော်ကို ထိန်းထားရတယ် ။
ဂျဲနိုက ထားသွားရက်တယ် ။ နောက်ကို ပြန်လှည့်မကြည့်ဘဲ ၊ သားငယ်ရဲ့ မျက်နှာလေးကိုတောင် တစ်ချက်လှည့်မကြည့်ဘဲ အဲ့ဒီတံခါးကနေ သူတို့ကိုကျောပေးပြီးလှည့်ထွက်သွားခဲ့တာ ။

သားကိုကြည့်တိုင်း ဂျဲနိုကို တွေးမိနေရတာက ဂျယ်မင်းအတွက် မလွယ်လှဘူး ။
သားငယ်ရဲ့ အပြုအမူတိုင်းက သူ့ဒယ်ဒီရဲ့ အငွေ့အသက်တွေ ကပ်ငြိနေတာ ။

ဘယ်တော့မှ မခွဲဘူးဆိုတဲ့ ကတိစကားတွေကလည်း အခုတော့ ဗလာ ။ ဒီအတိုင်း ဂျဲနိုရိုက်ချိုးသွားတဲ့တံခါးတွေ ။
အတူတူအမြဲတမ်းရှိဖို့ဆိုတာက တကယ်မှမဖြစ်နိုင်ဘဲဆိုတာကို မေ့ပြီး ဂျယ်မင်းက မျက်စိစုံမှိတ် ယုံခဲ့လေခြင်းများ ။

ချစ်တယ်ဆိုတာကလည်း တစ်ချိန်ချိန်မှာ ပြီးသွားနိုင်တဲ့စကားမှန်း ဂျယ်မင်းက ဘယ်လိုမျိုး သိခဲ့ပါ့မလဲ ။

အတူတူရှိခဲ့သမျှက ဒီလိုမျိုး ပျောက်ပျက်သွားမယ်ဆိုတာ ဘယ်သူက ကြိုသိခဲ့ပါ့မလဲလေ ။
အခုတော့ ဂျယ်မင်းက သူတို့အတူရှိခဲ့တဲ့ အိမ်ကလေးထဲ ဂျဲနိုရဲ့ အငွေ့အသက်တွေနဲ့ ၊ ဂျဲနိုရဲ့ မျိုးရိုးနာမည်ပေးထားတဲ့ သားနဲ့ ကျန်ရစ်နေခဲ့တော့တာ ။

မပြောတတ်တော့ဘူး ။
ဂျယ်မင်းက တအားဆိုးခဲ့လို့လား ။ ဂျဲနိုက သူ့ကို ထားရစ်ခဲ့ရအောင်အထိ စိတ်ပျက်အောင်လည်း မလုပ်ခဲ့မိတာ သေချာနေရဲ့သားနဲ့ ။

ဂျီဆောင်းက ဆိုဖာပေါ် ထိုင်နေတဲ့ ဂျယ်မင်းရဲ့ ရင်ခွင်ထဲ တစ်ကိုယ်လုံး ပစ်၀င်လို့ လာထိုင်တယ် ။
သားငယ်ကိုတင်းတင်းဖက်ရင်း ဂျယ်မင်းက ဂျဲနိုကို သတိရ ။
ဂျဲနိုက သူတို့ရဲ့ မိသားစုအခိုက်အတန့်လေးတွေကိုပါ ထားရစ်ခဲ့တာပဲလို့ တွေးမိတော့ ရင်ထဲ တဆစ်ဆစ် ။

home sweet home of JJJ famiLee ᥫ᭡ Where stories live. Discover now