🫧 ပါပါးနှလုံးသား ဘယ်ရောက်ဝါး

434 65 3
                                    

ဂျီဆောင်းသေးသေးလေးရဲ့ တစ်နေ့တာက မနက်မိုးလင်း စောစောထပြီးရင် ကျောင်းသွားရတာနဲ့ စတယ် ။
ဒယ်ဒီက ပါပါးကို ဆေးရုံပို့ရင်း ဂျီဆောင်းကို ကျောင်းပို့ခဲ့လေ့ရှိတာလေ ။ ပြီးကာမှ သူ့အလုပ်သူ သွားတော့တာ ။

ပါပါးက ဂျီဆောင်းစာတစ်လုံးရတိုင်း တော်လိုက်တာဆိုပြီး အာဘွားတွေ ပေးတတ်တာကြောင့် စာအကုန်လုံးကို မြန်မြန်ရအောင် လုပ်လိုက်တာကနေ သူငယ်တန်း ကျောင်းသားလေး ဂျီဆောင်းက အေဘီစီဒီကို မူကြိုကတည်းက အလွတ်ရခဲ့တာလေ ။ ဉာဏ်ကောင်းတဲ့ကလေးလေးလို့ ဒယ်ဒီက အမြဲချီးကျူးတတ်တာကိုလည်း သဘောကျတာကိုး ။

" အီဂျီဆောင်းလေး"

ထမင်းဘူးတွေ ထည့်နေတဲ့ ပါပါးရှေ့မှာ ဘူး သုံးဘူးက အစီအရီ ။ အထဲက ပြင်ဆင်ထားတာတွေကတော့ ပါပါးချက်ထားတာ မဟုတ်တာ ဂျီဆောင်းသိတယ် ။ ညက ပါပါးက ဂျီဆောင်းမအိပ်ခင်မှ ပြန်ရောက်တော့ ပင်ပန်းထားမှာဆိုပြီး ဒယ်ဒီက စောစောထ ချက်ထားတာတွေလေ ။

ပါပါးက ဟင်းချက်ရတာ ကြိုက်ပေမဲ့ ပါပါးအိမ်ပြန်နောက်ကျတဲ့ရက်ဆို နောက်တစ်ရက် ထမင်းချိုင့်က အမြဲ ဒယ်ဒီ့လက်ရာပဲ ။ ဒါက ဂျီဆောင်းသေးသေးလေးရဲ့ ဦးနှောက်ပိစိလေးနဲ့တောင် အလွတ်ရတယ် ။

" ပါပါး သားသား အင်္ကျီ "

ဂျီဆောင်းက လိမ္မာတဲ့ ကလေးလေး ။ ငါးနှစ်ကျော်ရုံပဲရှိသေးပေမဲ့ ကျောင်းဝတ်စုံကို ပါပါးနဲ့ဒယ်ဒီ ကူစရာမလိုဘဲ ဝတ်တတ်နေပြီ ။ ကျောမှာ အသိုင်းလုပ်ထားတဲ့ ကြိုးကိုတော့ မပါဘူး ။ အဲ့တာကို ဂျီဆောင်းလက်သေးသေးလေးတွေနဲ့ ဘယ်လိုမှ မမီသလို မလုပ်တတ်ဘူးလေ ။

ဟင်းတွေ အညီအမျှထည့်နေတဲ့ ပါပါးက လက်မအားလို့ အခန်းထဲက ထွက်လာတဲ့ ဂျီဆောင်းရဲ့ အင်္ကျီကို ဒယ်ဒီက ပြင်ပေးတယ် ။

" ချောလိုက်တာ အီဂျီဆောင်း ။ ဒယ်ဒီနဲ့တူလို့ ချောတာလား ဒီလောက်တောင် "

ဆိုဖာပေါ်မှာ ဂျီဆောင်းကို ပေါင်ပေါ်တင်ပြီး အဲ့ဒီလိုပြောနေတဲ့ ဒယ်ဒီက ဂျီဆောင်းကို ကြည့်နေတာတော့ မဟုတ်ဘူး ။ ပါပါးကို ပြုံးပြီးတော့ ကြည့်နေတာ ။ ပါပါးကလည်း သိတယ် ။ ရယ်ပြီး ဒီဘက်ကို ပြန်ကြည့်နေတာလေ ။

home sweet home of JJJ famiLee ᥫ᭡ Where stories live. Discover now