1

2.5K 201 18
                                    

ပျော်ရွှင်မှုအရင်းအမြစ်လေးကို ကိုယ်လေလိုက်လို့ရှာ...

ပန်းကလေးတွေအနားမှာတွေ့တယ်..
အဖြူ​​ရောင်sneaker​​​လေးတစ်စုံမှာတွေ့တယ်
ခပ်စိတ်စိတ်မျက်တောင်ဖျားလေးတွေမှာတွေ့တယ်..

•••

"ချစ်တယ်..shion"

ခပ်တိုးတိုးစကားသံဟာ ​shionကိုစိတ်လှုပ်ရှား​သွားစေသည်။ရုတ်ချည်းအနားတိုးကပ်လာ​တဲ့ solonနှုတ်ခမ်း​တွေကို shionရှောင်ဖယ်ဖို့စိတ်ကူးမရှိခဲ့ပါ။ လွမ်းဆွတ်​နေရတဲ့ သူ့အပိုင်ကို ခပ်တင်းတင်း​​ပွေ့ဖက်ထားမိရင်း နှုတ်ခမ်းချင်းနူးညံ့စွာထိ​တွေ့​နေမိပြီ။ အချိန်​တွေနာရီ​​တွေကို သူတို့နှစ်ဦးလုံး​မေ့ကုန်သည်။

shionအသိပြန်ဝင်လာတဲ့အချိန်မှာ​တော့ solonဦး​ခေါင်းတစ်ခုလုံးက သူ့လည်တိုင်ကြား နစ်ဝင်​နေခဲ့တာဖြစ်ပြီး သူကလည်းsolonကို ​​သေချာဖက်တွယ်လို့။ သိပ်သ​ဘောကျရတဲ့ပါးချိုင့်နက်​တွေထဲအပြုံး​သေး​သေး​လေးတစ်ခု ဖြစ်ထွန်းသွားပြီးမကြာလိုက်​ပေ။solonရဲ့နှာဖျားချွန်ချွန်​လေးက shionနှာ​ခေါင်းထိပ်​ကို ပွတ်သပ်ကျီစယ်ရင်း အကြည့်ချင်းဆုံ​နေမိကြပြန်သည်။

"ငါလည်း solonကိုအရမ်းချစ်တာ ..သိရဲ့လား"

"ငါက ပိုချစ်တာ.."

ဒီတ​ခေါက်စတင်လာတဲ့ solonအနမ်း​တွေက​တော့ ကြမ်းတမ်းလွန်းစွာ။​တဖက်လူရဲ့မေးရိုး​တွေကိုဖိဆုပ်ထားမိရင်း နှုတ်ခမ်း​တွေပူထူလာတဲ့အထိ solonက ဒီချစ်ခြင်းမှာအပြည့်အဝပျော်​ဝင်နေခဲ့တာ။

ကဒ်!!!

​ဆောနူက သူ့မျက်နှာ​ကို​ညာဘက်ဘေး​စောင်းချလိုက်ရင်း အသက်ကိုမျှင်းမျှင်း​ရှူ​လိုက်သည်။ ဒီ​​နေ့​တော့ ​သေချာ​ပေါက် ဒီsenceပြီးပြတ်​လောက်ပြီထင်တယ်။ ​ဆောနူကိုလွှတ်​ပေးလိုက်တဲ့ ​ဆောင်းဟွန်းက မျက်နှာကိုအကဲခတ်ကြည့်ရင်း​မေးလာတယ်။

"​အဆင်​ပြေရဲ့လား​ ​sunoo shii.."

အမှန်အတိုင်း​ပြောရရင် ​ဆောနူအဆင်မ​ပြေပါ။
သရုပ်​ဆောင်တစ်​ယောက်မို့ ​kiss sence​တွေ love senceတွေ ရိုက်ဖူး​ပေမဲ့လည်း..သူက ဒီ​​လောကထဲ​ရောက်လာတာ ဘယ်​​လောက်မှမကြာ​သေးဘူး​။ အလွန်ဆုံးရှိမှ သူ့အနုပညာသက်တမ်း၁နှစ်​ကျော်​ပေါ့။ အဲ့လိုလူက သူ့အ​ရှေ့ကပတ်​ဆောင်းဟွန်းလို ဆုရသရုပ်​ဆောင်နဲ့ teenage love sence​တွေရိုက်ရတာ ဘယ်လိုလုပ်အဆင်​ပြေမှာလဲ။

Can I Be Yours?Where stories live. Discover now