"Sunghoon shiiကိုအခုတလော သိပ်မတွေ့တော့သလိုပဲ နှစ်ယောက်သားတစ်ခုခုဖြစ်ထားကြတာလား"
ကားရဲ့ဘေးဘောင်ကိုလက်ထောက်ခေါင်းတင်ပြီး ငြိမ်နေတဲ့Sunooကို Stylistအစ်မက မေးလာသည်။ဒီနေ့ Sunooမန်နေဂျာက အိမ်မှာနှစ်ပတ်လည်ရှိတာကြောင့် သူမနဲ့ဆောနူသာ ရှုတင်ကိုအရင်သွားနေရတာဖြစ်သည်။အရင်ကဆို ကားမောင်းနေရင်လည်းဆောနူက စကားတပြောပြောနဲ့ ဘေးကနေတစ်ခုမဟုတ်တစ်ခုဆော့နေတတ်တာမို့ အခုတလောငြိမ်လာတာကထူးဆန်းနေ၏။
"ဘာမှမဖြစ်ပါဘူး..ဒီလိုပါပဲ"
"အရင်ကဆိုဒီအချိန်နှစ်ယောက်သား ဖုန်းတပြောပြောနဲ့ပါ "
Sunooနဲ့သူ့Stylistက မောင်နှမတစ်ဝမ်းကွဲဖြစ်တဲ့အပြင် တော်တော်ရင်းနှီးတာမို့Sunooအကြောင်းမသိတာမရှိပေ။သိသိသာသာမဟုတ်ပဲပုံမှန်တိုင်းပျော်ရွှင်ပြနေပေမဲ့ သေချာသတိထားမိရင် Sunooဟာ ရံဖန်ရံခါမှိုင်တွေနေတာကြောင့်အကြောင်းရင်းကိုတော့ သူသိဖို့လိုအပ်လေသည်။
"မမကလည်း..မမပြောမှပဲ ဘာလိုလိုနဲ့။
အခုထပ်ပြီးဆက်သွယ်စရာလည်းမရှိတော့တာမို့
စီနီယာ့အကြောင်းထပ်မမေးပါနဲ့တော့"ရုတ်တရက်ကြီးပါးတွေဖောင်းလာပြီး ဂျစ်တိဂျစ်ကန်ရုပ်ပေါက်လာတဲ့ဆောနူကို သူ့အစ်မက နားမလည်စွာလှည့်ကြည့်ရင်းခေါင်းခါလိုက်မိသည်။ထပ်မမေးပါနဲ့သာဆိုတယ်...ခဏကြာတော့လည်း သက်ပြင်းချပြီး သူပဲထပ်မေးပြန်တယ်။
"ဟို..စီနီယာက..ခုရက်ပိုင်းမမကိုတစ်ခုခုလာမေးသေးလား"
"ဟင့်အင်း..အဲ့လိုတော့မရှိဘူး ဘာဖြစ်လို့လဲ"
ထိုအခါမှ Sunooက တွေးဆဆနဲ့ပြန်ပြောလာတော့သည်။
"ကျွန်တော် blockထားမိလို့"
"ဘာ..နင်ကPark Sunghoonကိုblockတယ်!?"
Sunooစကားကြောင့် stylistပင်လန့်သွားရကာ
မျက်မှောင်တွေကျုံ့ကုန်၏။Sunooက ဘယ်လောက်စိတ်ဆိုးဆိုးအဲ့လိုတွေလုပ်တတ်တာမှမဟုတ်တာ..အထူးသဖြင့်Park Sunghoonကို။