"ဒါ..စီနီယာတမင်လုပ်တာမလား"
မျက်မှောင်ကြုံ့ကာ၊ပါးလေးတွေဖောင်းပြီးအလိုမကျသလိုပြောလာတဲ့sunooအား
သူ ခပ်တည်တည်မေးဆတ်ပြလိုက်သည်။"ကိုယ်က ဘာကိုတမင်လုပ်ရမှာလဲ"
Sunghoonစကားကြောင့် sunooက
သူ့ပုံစံအတိုင်းမျက်လုံးလှန်ကာ သက်ပြင်းချသည်။scriptအတူဖတ်ရတဲ့နေ့မို့ အလုပ်ခန်းမှာသူတို့နှစ်ယောက်တည်း။ ခုနကထိ kimsunooက ငြိမ်နေခဲ့ပေမဲ့ ဒါရိုက်တာအပြင်ထွက်သွားတာနဲ့ sunghoonကို စွာတော့တာဖြစ်သည်။
ဖြစ်ပုံက sunooအခုရိုက်မဲ့ဇာတ်လမ်းတိုမှာ
အတူတွဲရိုက်ရမဲ့လူက ကောက်ခါငင်ခါကြီး
parksunghoonဖြစ်နေခြင်းပင်။parksunghoonဆိုတာ နာမည်ကြီးproducerတွေက ကမ်းလှမ်းလာတဲ့ကားတွေကိုတောင် သူသဘောမတွေ့ရင်ငြင်းခဲ့တာမဟုတ်လား။
အစတည်းက sunooကိုယ်တိုင်လည်းအတူသရုပ်ဆောင်မဲ့လူကိုမသိပေမဲ့ ဒီဇာတ်လမ်းအတွက်တကူးတကauditionဝင်ခဲ့တယ်ဆိုတဲ့ sunghoonကြောင့် ပြောစရာစကားပင်မရှိတော့။
"စီနီယာ ရူးချင်ယောင်ဆောင်မနေနဲ့ဗျာ"
"ဟိတ် ဟိတ်! မင်းထက်ကိုယ်လေးနှစ်ကြီးတယ်နော်။ အခုလိုပုံစံနဲ့စီနီယာတစ်ယောက်ကိုဆက်ဆံတာလူတွေသိရင် ဘယ်လိုဖြေရှင်းမလဲ။ချစ်လို့အလိုလိုက်ထားတော့ ဆိုးလာပြီ"
sunooက သူ့အမှားနဲ့သူရော sunghoonစကားကြောင့်ရော နားရွက်ဖျားလေးတွေရဲတက်လာရင်း
အကြည့်လွှဲသွားတော့တယ်။"ဘယ်သူက..၊ဘယ်သူကချစ်ခိုင်းလို့လဲ..
သူ့ဘာသာချစ်ပြီးတော့.."sunghoonသည် sunooတစ်ယောက်တည်းပွစိပွစိပြောနေတာလေးကို ကြားဖြစ်အောင်ကြားလိုက်ပါ၏။ခေါင်းကိုအသာငုံ့ကာနှုတ်ခမ်းကိုက်၍ ပြုံးမိသည်။
ချစ်ဖို့ကောင်းလို့သာ ရုပ်တည်နဲ့စနေမိတာ
သူ တကယ်ကိုအသည်းယားလာပြီဖြစ်သည်။သူက sunooထိုင်ခုံနောက်မှီကို လက်တင်လိုက်ကာ sunooမျက်နှာနားတိုးကပ်သွားရင်း ဖွဖွမေးလိုက်သည်။